Part 2

328 35 0
                                    

ဂယူဘင်းက အချစ်ခံဖို့ထိုက်တန်တဲ့ကောင်လေးဆိုပေမယ့် အလုပ်လောဘကြီးတဲ့ မိဘဆီက သိပ်အချစ်မခံခဲ့ရဘူး ဂယူဘင်းက သူဌေးသားလေးပါပဲ ပြီးပြည့်စုံတဲ့မိသားစုက မွေးဖွားလာပြီး ချစ်ခြင်းမေတ္တာငတ်နေတဲ့ ‌ကလေးလေးပေါ့

ဂယူဘင်းက မွေးချင်းထဲမှာ အကြီးဆုံးဖြစ်ပြီး ညီလေးနှစ်ယောက်ရယ် ညီမလေးတစ်ယောက်ရယ်ရှိတယ်
ဂယူဘင်းက သူ့ညီလေးညီမလေးတွေကိုတော့ အတော်ချစ်ရှာပါတယ်

အပြင်သွားလို့ ဘာပဲ စားရစားရ ဘာလေးလဲ ဝယ်ဝယ် သူ့အငယ်တွေအတွက်အမြဲဦးစားပေးဝယ်တတ်တယ် မိဘနှစ်ပါးက ကုမ္ပဏီ အလုပ်တွေကြောင့် ဂယူဘင်းတို့မောင်နှမတွေကို ကလေးထိန်းတွေနဲ့ပဲထားခဲ့တာ...
ဂယူဘင်းက အကြီးဆုံးဆိုတော့ သူ့ညီလေးညီမလေးတွေကို သူ့လိုမေတ္တာမငတ်မွန်းရအောင် အမြဲဂရုတစိုက်နဲ့ချစ်ပေးရှာတယ်

အိမ်အကြီးကြီး ခြံအကျယ်ကြီး အထိန်းတော်တွေ အစေခံတွေ အစောင့်တွေအများကြီးထဲမှာ ဂယူဘင်းတို့မောင်နှမလေးယောက်လုံး
လုံလုံခြုံခြုံနေရပေမယ့် နေမပျော်ကြတဲ့ ကလေးလေးတွေ ဖြစ်နေခဲ့ကြတာပေါ့

ဒီနေ့ ဂယူဘင်း ကျောင်းပြောင်းခဲ့ရတယ်လေ
ဒယ်ဒီနဲ့မာမီ တို့ကြောင့်ပါပဲ သူတို့စေရာနေထိုင်ရတာဆိုတော့ ကျောင်းပြောင်းရတာက ထမင်းစားရေသောက်လိုတောင်ဖြစ်နေပြီ
ဂယူဘင်းက အဲ့လိုတွေကြောင့်လဲ သူငယ်ချင်းဆို မေးထူးခေါ်ပြောလောက်ပဲ ထားခဲ့တာ...

ဒီနေ့လဲ ကျောင်းအသစ်မှာ ကျောင်းအပ်ခဲ့ရပြီး အပြန်လမ်းမှာ ရပ်ကွက်အသစ်ကို လေ့လာကြည့်မိတယ် အရင်နေခဲ့တဲ့နေရာနဲ့ကွဲပြားစွာ ဒီရပ်ကွက်က ပိုပြီး လူစည်ကားသလိုပဲ တောရွာနဲ့တူတယ်လို့ခံစားရပေမယ့် အေးချမ်းတဲ့ခံစားချက်လဲရတယ်ရယ်

ဟိုသည်ငေးမောနေတုန်း ဂယူဘင်းတို့ကားရှေ့ အဒေါ်ကြီးတစ်ယောက် ရောက်လာခဲ့တယ် လမ်းကြားထဲကအထွက်မို့ အဲ့အဒေါ်လဲ သတိမမူလိုက်သလို ဂယူဘင့်ရဲ့
ကားဆရာလဲ ဟွန်း တီးဖို့ မေ့သွားခဲ့တယ်လေ

ကားရှေ့လဲကျသွားတာမို့ ဂယူဘင်းလဲ ကားဆရာကိုအမြန်ဆင်းကြည့်ဖို့ ပြောရတယ်

Love Story(Completed)Where stories live. Discover now