Part 9

197 23 0
                                    

"ဗိုက်ဆာရင် အစ်ကို့ကိုပြောနော် မုန့်‌တွေထည့်လာတာ အများကြီးပဲ"

တစ်လမ်းလုံးတိတ်တဆိတ်လေး ရှိနေတဲ့ ကောင်လေးကို ဟန်ဘင်းကပဲ စပြီး စကားပြောရပြန်ပါသည်

သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ်ပြောင်းလဲသွားသလို ဟန်ဘင်းတို့သွားနေတဲ့ ခရီးလဲ တစ်ဝက်ကျိုးလာခဲ့ပါပြီ လမ်းဘေးတစ်လျှောက်က မြက်ခင်းပြင်တွေနဲ့ အပင်ကြီးတွေသာရှိသည်မို့ သဘာဝရဲ့စိမ်းစိုနေမှုက စိတ်ကိုလဲ လန်းဆန်းစေပါသည်

ဟန်ဘင်းက ဘယ်သွားသွား အဆာပြေ‌မုန့်တွေ အအေးတွေ ရေဘူးတွေအစ အမြဲထည့်တတ်သည်မို့ ဒီခရီးစဉ်မှာလဲ ထည့်လာခဲ့ပါသည်

‌"ရော့...အစ်ကို ထည့်လာတဲ့ မုန့်နဲ့အအေး စားလိုက်ပါဦး ဘာမှစားလာခဲ့မယ့်ပုံလဲမပေါ်ဘူး အဆာပြေ ဒါလေးတွေအရင်စားထား!
ကြားလား... ဂယူဘင်းနီ"

ဟန်ဘင်းပေးတဲ့ မုန့်ကိုတော့ ယူစားပါသည် ဘာမှတော့ မပြောလာ ဒီကောင်လေးက အခုထိသူ့ကို စိတ်ကောက်မပြေသေးတာလား!

"အအေးသောက်မလား ရေသောက်မလား"

"ရေ ပဲ သောက်မယ်"

ဒီတစ်ခါတော့ အဖြေထွက်လာသည် ဟန်ဘင်းတစ်ချက်ရယ်လိုက်ပြီး ရေဘူးကို အဖုံးဖွင့်ပေးလိုက်သည်

"ဒါနဲ့ ဂယူဘင်းနီ တောင်တက်ဖူးလား"

ခေါင်းခါပြပြီး ဟန်ဘင်းပေးလိုက်တဲ့ရေကိုသောက်နေသည်

"အခု ထွက်တဲ့ ခရီးက တောင်တက်ရမှာဆိုတာတော့ သိပါတယ်နော်"

"ကျွန်တော် မသိဘူး... ဒီအတိုင်းပဲ စာရင်းပေးထားပြီး ခရီးထွက်မယ့် နေ့နဲ့အချိန်ပဲ မှတ်ထားတာ"

"ဟင်! ဒါဆို တောင်တက်ဖို့အတွက် ဘာမှမယူလာဖူးပေါ့"

"ကျွန်တော် အဝတ်စားတစ်ချို့နဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတစ်ချို့ပဲ ပါတယ် အစ်ကို"

"အတန်းခေါင်းဆောင်က တောင်တက်ရမယ်ဆိုတာမပြောဘူးလား အမှန်ဆို ပထမနှစ် ကလေးတွေအကုန်လုံးကို ဘာလိုအပ်တယ် ဘာယူခဲ့သင့်တယ်ဆိုတာ ပြောပေးထားရမှာကိုကွာ...အခုတော့ အခက်ခဲတွေဖြစ်ကုန်တော့မှာပဲ"

Love Story(Completed)Where stories live. Discover now