Part 1

33 3 0
                                    

U

"မိုး..သမီးရေ လာပါအုံး"

ဒီနေ့ ပထမဆုံးနွေရာသီကျောင်းပိတ်ရက်နေ့ အမေ့ရဲ့စကားချိုချိုလေးတွေမကြားချင်လို့ အစောကြီး ထလိုက်တဲ့ ကျွန်မစိတ်ကူးက မှားသွားတာပဲ

မနက်ထဲက တင်ပါးနဲ့ ခုံနဲ့မကပ်ရသေးဘူး ဟိုဟာလုပ်ပေးပါအုံး ဒီဟာလေး လုပ်လိုက်ပါ နဲ့ခိုင်းနေတာ နေ့လည်ရောက်ရင် *အမေ့ကိုဝိုင်းကူလုပ်ပေးမယ်  မရှိဘူး* ဆိုပြီးပြောရော ခု လဲကြည့်

"ဟုတ်..အမေ သမီးလာပြီ"

မိုးတစ်ယောက် စိတ်ထဲကနေပဲ ညည်းညူရသည် အပြင်မှာတော့ အမေ့ကို မလွန်ဆန်ရဲ

"တစ်အိမ်ကျော်မှာ ငရုတ်ကောင်းမှုန့် နှစ်ထုပ်လောက်ဝယ်ပေးပါအုံး..ပိုက်ဆံက အိတ်ထဲက နှိုက်သွားလိုက် "

ဒီလိုနဲ့ အမေ့ ပိုက်ဆံအိတ်ထဲက သုံးရာယူလိုက်တယ် ကြားထဲမှာ တစ်အိမ်တောင်ရှိသေးတာ သွားခ နှစ်ရာတော့ ဖြတ်သင့်တယ်မလား?

ဆိုင်ရှေ့ရောက်တော့ လူတွေကအုံနေတယ် ။ဆိုင်လေးက သေးတယ်ဆိုပေမဲ့ အစုံလင်ရှိတဲ့အတွက်လာဝယ်ကြသည်။ ဆိုင်ရှိရာလမ်းက ပန်းခြံကို သွားရတဲ့ လမ်းဖြစ်တဲ့မို့ ဒီဆိုင်မှာပဲ လမ်းကြုံ ဝင်ဝယ်ကြခြင်းပင်

ဒီလိုနဲ့မိုးတစ်ယောက် ဆိုင်ထဲဝင်လိုက်တော့ အမကြီး တစ်ယောက်ကို ဝင်တိုက်ပြီးသွားတယ်

"အာ..အမဆောရီးနော် "

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

ခေါင်းငုတ်၍တောင်းပန်ရာမှမော့ကြည့်လိုက်သော စူးရှတဲ့ မျက်ဝန်းတစုံ၊ သွယ်ဆင်းတဲ့ နှာတံလေး၊ နီရဲ သလိုဖြစ်နေတဲ့ နှုတ်ခမ်းဖူးလေး၊ အသားက သာမန်လူတွေထက် အနည်းငယ် ဖြူနေသည် အဲ့ဒီအရာတွေက သူမကို ဆွဲဆောင်နေလား မှတ်ရတယ်

သူမရင်ဘက်ထဲက အကောင်ပေါက်က အဆပေါင်းများစွာ ခုန်နေသည် ဒီတောက်ပတဲ့ မျက်ဝန်းကို သူကြာကြာမကြည့်နိုင် အမြန်ဆုံး ေခါင်းလှည့် ပြီး ဆိုင်အန်တီစီ ငရုတ်ကောင်းထုတ် မှာလိုက်တယ် ခနကြာတော့ အန်တီက ငရုတ်ကောင်းမှုန့်နဲ့ ပိုတဲ့ပိုက်ဆံပေးလိုက်တယ်။ ဒီလိုနဲ့ ခပ်မြန်မြန် အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်သည်အထိ ငါ့နှလုံးသားက ခုန်နေတုံးပဲ။

She is my everythingWhere stories live. Discover now