မိုးတစ်ယောက် လက်တွင်လည်း အချဉ်ပေါင်းထုပ် စားပြီး ဘုရားတွေ ပတ်ကြည့်နေသည်။ ရုတ်တရပ် မိန်းကလေး 4ယောက်ကို တွေ့လိုက်ရသည် ထိုမိန်းကလေး 4ယောက်ထဲတွင် အနီရောင်ထမီနဲ့အင်ကျီကိုဝတ်ဆင်ထားသည့် မိန်းကလေးသည် အထင်ရှားဆုံးဖြစ်နေသည်။ သူမသည် ကျစ်ဆံမြီး ကို ရှင်းလင်းစွာ ကျစ်ထားပြီး ကျစ်ဆံမြီး အပေါ်ဆုံးထဲတွင် တရုတ်စကားဝါပန်းကို ပန်ဆင်ထားသည်။ နောက်ခံမိတ်ကပ်ပါးပါးလေးလိမ်ပြီး ပါးကွက်အသေးလေး ကွက်ထားသည်မှာ တမျိုးလေးလှနေသည်။ ဟုတ်ပါတယ်...အဲ့ဒီနေ့က မုန့်ဆိုင်မှာတွေ့ခဲ့တဲ့ အမကြီးက အဲ့မိန်းကလေးပါပဲ။
ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ
အဲ့အမကြီးဆီ လျှောက်သွားလိုက်တယ်။*************************
ခင်တို့အုပ်စု တစ်လမ်းလုံးရီလာကြတာ နောက်ဆုံး ဘုရားဆီရောက်တော့မှ ငြိမ်သွားကြသည်။ဖိနပ်များကိုဘေးကပ် ချွတ်၍ ဘုရားထဲသိုဝင်လာကြသည်။ ပထမဉီးဆုံး စေတီဘုရား အရှေ့တွင် ဒူးထောက်ထိုင်ကာ ခြေထောက်နှစ်ချောင်းကိုညာဘက်တွင် အတူထားလိုက်သည်။ မိမိလိုချင်ရာ ဆုတောင်းပြီး ဘုရားကို ဉီးသုံးကြိမ် ချပြီး....
"မြတ်နိုးရေ...ခနလာအုံး" နှင်းကပြောလိုက်သည်။
"လာပြီ..."
"ဟိုနားမှာ ပန်းရောင်းနေတယ်..ဝယ်ဖို့ခနလိုက်ခဲ့...ခင်တို့လည်း ခနစောင့်နေနော် ပြန်လာခဲ့မယ်"
ပြောပြီး မြတ်နိုး ကိုခေါ်ကာ ပန်းရောင်းသည့်ဆိုင်အနားသွားကြသည်။
ခုနက မြတ်နိုးသည် ခင်နဲ့ထား နှစ်ယောက်ကြားတွင်နေရာယူထားသောကြောင့် နှစ်ယောက်ကြားတစ်နေရာလွတ်သွားသည်။ ထားသည် ခင်ရဲ့ ဘေးနားက ေနရာမှာနေရာယူကာ
"ဟဲ့..ဟိုတစ်နေ့က ကိစ္စဘာဖြစ်သွားပြီလဲ လက်ခံလိုက်လား"
"ဟင့်အင်း..မလက်ခံလိုက်ဘူး "
"ဟယ်..ဘာဖြစ်လို့တုန်း သူကအရာရာပြည့်စုံနေတဲ့ဟာကို"
"စိတ်တိုင်းမကျလို့"
ထားသက်ပြင်းတစ်ချက် ချကာ
"ဒီဂျီးများပုံနဲ့ တသက်လုံးအပျိုကြီး လုပ်လိုက်တော့အေ"
ဟိုတစ်နေ့က ခင်ကို အကိုကြီး တစ်ယောက်လာတင်တောင်းကြသည်။ ထိုအကိုကြီးကို ခင်မသိ။ အမေနဲ့ထိုအကိုကြီးအမေနဲ့ ရင်းနှီးသည့်ဟန်။ သူတို့နှစ်ယောက် စကားတွေပြောရင်း ရီနေကြသည်။ ခနကြာတော့
"သမီးဘယ်လိုသဘောရလဲ"
ရုတ်တရပ်ထမေးလာသည့်အန်တီကြောင့် ခင်မှာ အနည်းငယ်တော့လန့်မိသည်။ ချက်ချင်းတွေ့ ချက်ချင်းသဘောကျတဲ့ လူထဲမှာ ခင်ရတနာ မပါဘူး။ဒါကြောင့်
"အန်တီသမီး လက်မထပ်နိုင်ပါဘူး ပြီးတော့ ဒီအကိုကြီးကို ခင််သဘောမကျပါဘူး "
စကားကိုအနည်းငယ်ပြောပြီး အပေါ်ထက်အခန်းထဲသို လျှောက်သွားသည်။
_______________________________
အမြည်းလေးပေးထားတာ 😗🍷sangmin
YOU ARE READING
She is my everything
RomanceU အဲ့နေ့က ကိုယ်တို့မတွေ့ခဲ့ရင် အခုလောက်ဆို သူစိမ်းတွေ ဖြစ်လောက်မလား..... Z အဲ့နေ့က ကိုယ်တို့မတွေ့ခဲ့ရင် အခုလောက်ဆို သူစိမ်းတွေ ဖြစ်လောက်မလား.....