လွန်ခဲ့တဲ့4နှစ်ခန့်~~
ဂျီအွန်း အလုပ်ထဲအာရုံစိုက်နေရင်း သူ့ဆီဖုန်းတစ်ကောလ်ဝင်လာခဲ့သည်။
ပုံမှန်ဆို အလုပ်ထဲအာရုံရောက်နေချိန် ဖုန်းမကိုင်တတ်ပေမယ့် မသိစိတ်ထဲ ထင့်နေတာကြောင့် သိပ်မစဥ်းစားဘဲဖုန်းကိုင်လိုက်မိသည်။"ဟယ်လို ဘယ်သူပါလဲ"
သူ့ဖုန်းထဲ ဖုန်းနံပါတ်ဟူ၍ သတ်သတ်မှတ်မှတ် ထားရှိသည်က မတ်ချူးဖုန်းတစ်လုံးသာရှိသည်မို့ ဘယ်သူခေါ်လာလဲဆိုတာ တပ်အပ်မသိတာကြောင့် မေးလိုက်ရခြင်း။
"ဥက္ကဌကင်ခ် ကျွန်တော်ပါ.."
သူ့ကိုBossကင်ခ် သူဌေးကင်ခ် စသည်ဖြင့်ခေါ်ဝေါ်တတ်ကြပေမယ့် ဥက္ကဌကင်ခ်ဟု ခေါ်တတ်တာ တစ်ယောက်တည်းသာရှိသည်။
ထိုသူကတော့ ဥက္က္ဌဌဟန် ဖြစ်ပြီး ယခုလိုခေါ်လာပုံအရ ထိုသူသာဖြစ်ဖို့များသည်။
ခဏအတွင်းဆက်စပ်မိသွားတဲ့ ဂျီအွန်းက"ပြောပါ ကျွန်တော်နားထောင်နေပါတယ်"
"ကျေးဇူးပြုပြီး ကျွန်တော့်သားလေးကိုကယ်တင်ပေးပါ အခု(.....)လိပ်စာအတိုင်း အမြန်အရောက်လာပေးပါ နောက်ဆုံး အကူအညီတောင်းခြင်းပါ ဂျီအွန်းဟျောင်း ကျွန်တော် အဲဒီ့ကျေးဇူးကို နောင်ဘဝထိ မှတ်ယူသွားပါ့မယ်..."
တီ!တီ!
ထိုမျှသာပြောပြီး ချက်ချင်း ဖုန်းကကျသွား၏။
ဥက္ကဌတွေ ဘာတွေ တပ်မခေါ်ဘဲ သူ့ကိုရင်းရင်းနှီးနှီးခေါ်ဝေါ်လာပြီး အကူအညီတောင်းလာခြင်းမှာ တုန်ယင်နေတဲ့အသံတွေကြောင့် မောဟိုက်နေပုံရသည်။ဂျီအွန်း ချက်ခြင်းဆိုသလို Suitအား အမြန်ပင်ယူကာ ထိုနေရာဆီသို့ အမြန်ဘဲသွားဖို့လုပ်ရသည်။
ဟာအိုနှင့်ဟန်ဘင်းဆီသို့ ဖုန်းဆက်အကြောင်းကြားဖို့လဲမမေ့။
..........
"သွေးတွေ သွေးတွေ ဖေဖေ့ခေါင်းမှာ သွေးတွေ အများကြီးဘဲ ကြောက်တယ် ယူဂျင်းကြောက်တယ် သွေးတွေကိုကြောက်တယ် ဖေဖေ့ကိုလဲကြောက်တယ် အားးး!!!!!"
ဆေးရုံတစ်ခုတွင် မေ့မြောနေတဲ့ ကလေး သတိရလာပြီးနောက် ထိုသို့ကြောက်လန့်တကြီး အော်ဟစ်ကာ အသည်းအသန်ငိုနေခဲ့သည်။
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"