(Unicode)
ရှောင်းအိမ်တော်ဟာဆိုရင် ချုံးချင်းမြို့ရဲ့ အချမ်းသာဆုံးအိမ်တော်တစ်ခုဖြစ်ပြီး မြို့ရဲ့မျက်နှာဖုံးအိမ်လို့တောင်တင်စားကြတယ် လူတွေအမြင်မှတော့ ရှောင်းအိမ်တော်က အဘက်ဘက်ကနေ ပြီးပြည့်စုံနေတဲ့အိမ်တော်တစ်ခုပဲ...အိမ်တော်ထဲက ပုပ်ပွနေတဲ့အကြောင်းတွေကိုတော့ ဘယ်သူကမှမသိကြဘူး ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေကြတာလဲဖြစ်ချင်းဖြစ်လိမ့်မယ်
ရှောင်းပါးကရှောင်းမားကိုအရမ်းချစ်တယ်ဆိုတဲ့ကြောင်းပြချက်တစ်ခုထဲနဲ နည်းမျိုးစုံသုံးပြီးအပိုင်သိမ်းခဲ့တယ် ရှောင်းပါးရဲ့ဖိအားပေးမူကြောင့် ရှောင်းမာကသူမရဲ့အချစ်ဦး သူမရဲ့အိမ်မက်တွေကိုစွန့်လွှတ်လိုက်ရပြီး အိမ်ထောင်ရှင်မဘဝကိုရွေးချယ်လိုက်ရတယ်
ချစ်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုထဲနဲ့အရာအားလုံးကိုလိုက်ချုပ်ချယ်နေတဲ့ရှောင်းပါးကို ရှောင်းကျန့် 6နှစ်သားအရွယ်ရောက်တဲ့အထိ ရှောင်းမားကသည်းခံပြီးနေခဲ့ရတယ် ရှောင်းအိမ်တော်ရဲ့စီးပွားရေးက ပိုမိုအောင်မြင်လာတာနဲ့အမျှ ရှောင်းပါးက ညစဉ်ဆက်တိုက်ဆိုသလို ပါတီပွဲတွေတက်ရလေ့ရှိတယ် မူးပြီးပြန်လာရင်လဲ သူအရမ်းချစ်မြတ်နိုးပါတယ်ဆိုပြီးအပိုင်သိမ်းထားတဲ့ ရှောင်းမာကို အရင်ကကိစ္စတွေနဲသဝန်တိုပြီး ရိုက်နှက်လေ့ရှိတယ် ဒီဒဏ်တွေကိုသည်းမခံနိုင်တော့တဲ့ရှောင်းမားက သူကို့တောင်ငဲ့မကြည့်နိုင်တော့ပဲနဲ့ ငွေကြေးတချို့ကိုခိုးယူပြီး သူမရဲ့အချစ်ဦးနဲ့ ထွက်ပြေးသွားတယ်ရှောင်းပါးကရှောင်းမာကိုနေရာအနှံလိုက်ရှာပေမယ် ဘာသတင်းအစအနကိုမှရှာမတွေ့ခဲ့ဘူး ရှောင်းပါးရဲ့စိတ်ဖြေရာက 6နှစ်အရွယ်ရှောင်းကျန့်သာဖြစ်လာခဲ့တယ် နေ့စဉ်နေ့တိုင်းကြားနေရတဲ့ *အချစ်ဆိုတာကိုပိုင်ဆိုင်နိုင်ဖို့ မချုပ်နှောင်ထားနိုင်ရင် ကိုယ်နဲ့အဝေးဆုံးကိုထွက်ပြေးသွားလိမ်မယ်* ဆိုတဲ့ ရှောင်းပါးရဲ့စကားတွေက ရှောင်းကျန့်ရဲ့နားထဲ သံမှိုစွဲသလိုစွဲကပ်လာတယ်
အထက်တန်းတက်မယ့်နှစ်မှာ ရှောင်းပါးရဲ့အမိန့်နဲ့ ရှောင်းကျန့်ကပေကျင်းသို့ရောက်လာရတယ် ကျောင်းသားသစ်ဖြစ်တဲ့ရှောင်းကျန့်အတွက် ဝမ်းကျိုးမင်းက ပထမဆုံးသူငယ်ချင်းဖြစ်ပြီး သူကိုဖွင့်မပြောခင်အချိန်ထိ အကောင်းဆုံးသူငယ်ချင်းဖြစ်ခဲ့တယ် ရှောင်းကျန့်အနေနဲ့အမှန်တိုင်းဝန်ခံရရင် ရိပေါ်ကိုမတွေ့ခင်အချိန်ထိ သူကိုယ်သူ ဝမ်ကျိုးမင်းကိုသဘောကြနေတယ်လိုပဲထင်နေခဲ့တာ...