Part - 13
Sub- Whose Love is Deeper?ဒီမနက်အတွက် JongInတယောက် အရသာရှိတဲ့ နံနက်စာကို စားလိုက်ရပေမယ့် စိတ်ထဲတွင်တော့ သိပ်နေလို့မကောင်းလှ နံနက်စာစားပြီး ဧည့်ခန်းဘက်ထွက်လာပေမဲ့ အရိပ်အယောင်တောင် မမြင်ရတဲ့ Sooကို JongInလိုက်ရှာနေမိတယ်
JongIn's pov: ဒီကလေးမလေး...ဘယ်ရောက်နေတာလဲ မသိဘူး~~
သူ ငါ့ကို တော်တော်လေး စိတ်ဆိုးသွားပုံရတယ်~~Molla!!Molla!!!!JongInအတွေးတွေ နောက်ကျိလာတာနဲ့ အိပ်ရာပေါ်လှဲနေလိုက်တယ်
JongInရဲ့ မျက်လုံးထဲမှာတော့....
Sooမေးစေ့လေးကို ဆွဲမော့လိုက်တဲ့အချိန်မှာ မျက်ရည်တွေဝိုင်းနေတဲ့ Sooရဲ့မျက်လုံးလေးတွေ...,
တခုခုကို ပြန်ပြောချင်ပေမယ့် ပြောမထွက်အောင် ချုပ်ထိန်းထားပုံရတဲ့ တဆတ်ဆတ်တုန်နေတဲ့ Sooရဲ့ နှင်းဆီရောင် Heart-shapedနှုတ်ခမ်းလေးတွေ...,
စိတ်တိုလွန်းလို့ ထင်ပါရဲ့ နဂိုဖြူဝင်းနေတဲ့ မျက်နှာလေးတခုလုံး ပန်းနုရောင်သမ်းနေတာလေးကိုဘဲ ကြည့်
JongInရင်ထဲ စူးခနဲ အောင့်လာတယ်
သူ့လက်တွေက သူ့ကိုဖယ်ထွက်သွားတဲ့ Sooလက်ကလေးရဲ့ ခပ်နွေးနွေး အငွေ့အသက်လေးကို ခံစားမိနေဆဲ....ပါးပြင်ပေါ်ဝယ် စိုစွတ်မှုတခု ခံစားလိုက်ရတယ် JongInနားလည်လိုက်ပါပြီ ဒီကောင်မလေးအတွက် သူ့မျက်ရည်တပေါက် ဒုတိယအကြိမ် ကျရပြန်ပြီလေ
A/N:ပထမအကြိမ်ကတော့ ပုံမှန်ဖတ်တဲ့ Readerတွေတော့ သိလိမ့်မယ် မပြောတော့ဘူးနော်)KS braceletလေးကို ကြည့်ရင်း
JongIn: Soo-ah~~Kai~Kaiဘာလို့ သူငိုတာကို အဲ့လောက်ထိ ရင်ထဲမှာ ဆို့နင့်နေရတာလဲကွာ???
Kaiလေ Kaiကိုယ်Kai မုန်းတယ်...
Kaiဘာလို့ ခုမှတွေ့တဲ့ အဲ့ကောင်မလေးကို....Sooလို့ဘဲ မြင်နေရတာလဲကွာ??
~~~~~~~~~~KS~~~~~~~~~~~Soo's pov: Yah!!!Kim JongIn!!!မကောင်းတဲ့လူ, နှလုံးသားမရှိတဲ့သူ..,
သူ ဘာကြောင့် အဲ့လောက်ထိ Sooကို.....အသံမထွက်ဘဲ ကြိတ်ငိုနေရတဲ့ Sooနှုတ်ခမ်းဖျားလေးက တဆတ်ဆတ်တုန်နေပါပြီ
ထိန်းထားတဲ့ကြားက ကျလာတဲ့ မျက်ရည်တွေကို Sooမုန်းမိတယ်
တခါက Moonlightစံအိမ်ကြီးရဲ့ သခင်မလေး Sooဘဝကနေ ဒီလိုအခြေအနေရောက်လာတော့ အနည်းနဲ့ အများ မလိုသူတွေရဲ့ စောင်းမြောင်းပြောဆိုတာတွေ, ဆူပုကြိမ်းမောင်းတာတွေကို
Sooတယောက် အရွယ်နဲ့မလိုက်အောင် ခါးစည်းသည်းခံနိုင်လာခဲ့ပေမယ့်
ခု ဒီKim JongInဆိုတဲ့ သူရဲ့ ခနဲ့တဲ့တဲ့ စကားအသုံးအနှုန်းလေးကြောင့် ရင်ထဲက အရမ်းနာကျင်လာရတဲ့ ခံစားချက်ကို Sooအဖြေရှာနေဆဲ...
ESTÁS LEYENDO
Tell me What is 'LOVE'
De TodoKaisoo love story ☺Read~Enjoy☺ This's my first fanfic! So I hope u'll like it!!!!