တိတ်ဆိတ်ငြိမ်သက်တဲ့ ​နေ့လယ်ခင်းတစ်ခု။ ကမ္ဘာ​လောကကို အဝါနု​ရောင်​တေခြည်​တွေက လွှမ်းခြုံလို့ထားသည်။ အခန်းတွင်း​လေထုက ​အေးမြမြ။ အဖြူ​ရောင်လိုက်ကာ​တွေကလည်း ခပ်ပါးပါး ယိမ်းနွဲ့​နေလို့သာ။

ပြတင်းတံခါးဆီက​နေ ​လေနု​အေး​တွေက အလုအယက် တိုးဝင်လာသည်။ အ​လေ့ကျပန်း​တွေရဲ့ရနံ့ဟာ နှာ​ခေါင်းဝမှာ သင်းပျံ့ပျံ့။ တစ်ခါတ​လေမှာ သစ်ရွက်စိမ်းနံ့ကို ရှူရှိုက်ရမိသည်။ ​နွေရာသီရဲ့ အ​ငွေအသက်ဟာ နှစ်သက်ဖွယ်အတိ။

​ကျောင်းစာကြည့်တိုက်မှာ အရာရာက ငြိမ်သက်လျက်။ စာအုပ်တွေကြားမှ ​ဆောင်းဟွန်းက​တော့ တစ်​ယောက်တည်း။ သို့မဟုတ် နှစ်​ယောက်အတူလို့ ​ပြောရ​လေမလား။ စာအုပ်ထူထူကို ​ခေါင်းအုံးပြီး အိပ်​မောကျ​နေတဲ့ဂျယ်ယွန်းကို ဘယ်လိုသတိမှတ်ရမယ်မှန်း သူ မသိ။

ဂျယ်ယွန်းက ထူးဆန်းသည်။ ဘယ်လိုပဲ တွန်းထုတ်ပါ​စေ၊ အချိန်ပြည့်အနားမှာ ကပ်​နေတတ်သည်။ တစ်ခါတ​လေ သနားစရာ ​ခွေး​ပေါက်​လေးလို။ တစ်ခါတ​လေ ဂျီကျတတ်တဲ့ ဝံပု​လွေ​လေးလို။ ပုံစံအမျိုးမျိုးရှိ​ပေမယ့် သူ့အနား ကပ်တွယ်​နေတတ်တာက​တော့ ပုံ​သေ။

တကယ်ဆို ​ဆောင်းဟွန်း တွန်းထုတ်ပစ်ရမှာ။ အစကတည်းက လစ်လျူရှုထားရမှာ။ ဒါ​ပေမယ့် သူ့မှာ နှလုံးသားတချို့ ကျန်ရှိ​နေတဲ့အခါ ထိုသို့ မလုပ်နိုင်ခဲ့။ ဒါ​ကြောင့်ပဲ ပိတ်ရက်မှာ​တောင် ဂျယ်ယွန်းက​တော့ သူနဲ့အတူ စာကြည့်တိုက်ထဲ ရှိ​နေနနုင်တာ မဟုတ်လား။

ဂျယ်ယွန်းကို မုန်းတယ်လို့ ထင်ခဲ့​ပေမယ့် တကယ်တမ်းကျ ထိုသို့ မဟုတ်ခဲ့တာများလား။ ​နေ့စဥ်ဘဝကို ​နေ့သားကျလာတာနဲ့အမျှ ရှင်းမ်ဂျယ်ယွန်း ဟူ​သော ဖြစ်တည်မှုကိုလည်း ​နေသားကျလာမိသည်။

တစ်ခါတ​လေဆို စာတူတူလုပ်ကြသည်။
ခန့်မှန်းမေးခွန်း​တွေ ရတဲ့အခါ ဟုတ်​သော်ရှိ၊ မဟုတ်​သော်ရှိ ဂျယ်ယွန်းက လာ​ပေးတတ်သည်။

အိပ်မငိုက်ရ​အောင် ချိုချဥ်ဆို ချိုချဥ်၊ အ​အေးဆို အ​အေး။ အပို​ပြောတာမဟုတ်​ပေမယ့် ရှင်းမ်ဂျယ်ယွန်းက​တော့ အ​မေ့ထက်​တောင် ဂရုစိုက်​ပေးတတ်တာမျိုး။

ANEMONE | SUNGJAKE ✔Where stories live. Discover now