1

874 87 25
                                    


​လေနု​အေး​တွေ ဖြန့်ကျက်တိုက်ခတ်​နေတဲ့ ည​နေခင်း။ ​နေဝင်ဆည်းဆာဟာ ကမ္ဘာ​လောကကို ​ပွေ့ဖက်လို့ထားသည်။ လိမ္မော်​ရောင်အလင်း​တွေက ပတ်ဝန်းကျင်မှာ ပြန့်ကျဲလို့။ ​ရွှေအို​ရောင်​တောက်ပ​နေတဲ့မြင်ကွင်းက​တော့ တကယ့်ကို စိတ်​ကျေနပ်စရာ။

​ဆောင်းဝင်ကာစအချိန်ဖြစ်တာ​ကြောင့် ခပ်မြမြ​လေး​အေး​နေတဲ့ ပတ်ဝန်းကျင်။ ​လေပြည်ထဲမှာ ​ရောပါလာတဲ့ လတ်ဆတ်တဲ့ရနံ့က နှစ်သက်ဖွယ်​ကောင်းလွန်းလှသည်။ ဒါ​ပေမယ့် သူက​တော့ ဒါကို မခံစား​နေနိုင်ဘူး။
ဒီသဘာဝတရားထက် ပိုအ​ရေးကြီးတဲ့အရာ​တွေကို သူ အာရုံစူးစိုက်​နေရတာ​ကြောင့်။

​ဆောင်းဟွန်း။
ပတ်​ဆောင်းဟွန်း။

သူ၏အမည်နာမဟာ ပတ်​ဆောင်းဟွန်း ဖြစ်သည်။
ထိုအမည်နဲ့ တွဲစပ်ထားတဲ့ ဂုဏ်ပုဒ်​တွေက​တော့ ​မြောက်မြားစွာဖြင့်ပင်။
ရေခဲမင်းသား​လေး ပတ်​ဆောင်းဟွန်း။
အထက်တန်းတတိယနှစ်ရဲ့မျက်နှာဖုံး ပတ်​ဆောင်းဟွန်း။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ပတ်​ဆောင်းဟွန်း။
စသဖြင့်၊ စသဖြင့်...။

ဒါ​ပေမယ့် ရယ်စရာ​တော့​ကောင်းသား။
သူ့အပိုင်လို့ထင်ရတဲ့ ထိုအရာ​တွေဟာ တကယ်တမ်းမှာ​တော့ သူ့အပိုင် တစ်ခုမှ​တောင် မရှိခဲ့ဘူးတဲ့​လေ။

စင်စစ်မှာ ပတ်​ဆောင်းဟွန်း ဆိုတဲ့ ဖြစ်တည်မှုက​တောင်မှ သူ၏အပိုင် မဟုတ်ခဲ့တာ​ကြောင့်။

တင်းကြပ်တဲ့လူကုံထံမိသားစုမှာ ​မွေးဖွားလာရတာက အလွန်တရာ မွန်းကြပ်ဖွယ် ဖြစ်သည်။
ဂုဏ်၊ ဒြပ်၊ အာဏာ စတဲ့အရာ​တွေက တပ်မက်ချင်စရာဆို​ပေမယ့် ​ဆောင်းဟွန်းက​တော့ မမက်​မောပါဘူး။
​လှောင်အိမ်ထဲက ငှက်ငယ်​လေးလို မွန်းကြပ်လို့ မ​နေချင်ဘူး။ သူဆိုတာဟာ လွတ်လပ်မှုကို မြတ်နိုးမိရုံ။

​ဆောင်းဦးရာသီမို့ ​မြေပြင်ထက်မှာ ​ကြွေကျနေတဲ့ရွက်​ခြောက်​တွေဟာ တပြန့်တကျဲ။ ကြီးမားတဲ့အိမ်​တွေရဲ့​ရှေ့မှာ​တော့ အစိမ်းနု​ရောင်မြက်​ခင်းတွေကို လှလှပပ စိုက်ပျိုးထားသည်။ တချို့​နေရာမှာ​တော့ ပန်းပင်​လေး​တွေ​ရော၊ လိပ်ပြာ​လေး​တွေ​ရော။ ဒါ​ပေမယ့် ​ဆောင်းဟွန်းက​တော့ ဒါကို ဂရုမစိုက်အားပါဘူး။ သူ သိတာက သူ့အိမ်ကို အမြန်ပြန်ရမယ်ဆိုတာ တစ်ခုတည်း။

ANEMONE | SUNGJAKE ✔Opowieści tętniące życiem. Odkryj je teraz