ချွဲယောန်ဂျွန်း က ဆယ်ကျော်သက်ဆိုတဲ့ဘဝကို အရုိးရှင်းဆုံးဖြတ်သန်းနေခဲ့သည်။
အနေအေးပြီးစကားနည်းသူမို့အပေါင်းအသင်းမဝင်ဆံ့လှ၍ ယောန်ဂျွန်း တွင် သူငယ်ချင်းဆိုလို့လက်ညှိုးထိုးစရာလူပင်မရှိပေ။
အထက်တန်း ဒုတိယနှစ် Aခန်းရှိ အတန်းခေါင်းဆောင်အဆင့်တစ်ရကျောင်းသားချွဲယောန်ဂျွန်းသည်စာတော်ပြီးမာနကြီးသည်။ချေမိုးနေသည်ဟုနာမည်ကြီးသည်။
ယောန်ဂျွန်း ကတော့ဘာကိုမှအထူးတလည်တော့ဂရုမပြုနေခဲ့ပါဘူး။
ေယာန်ဂျွန်းက ကိုယ့်ရဲ့စိတ်ခံစားချက်အလိုကျရှင်သန်သည်။
ကြိုက်ရင်ကြိုက်သည်။မကြိုက်ရင်မကြိုက်ဘူး
လူတွေနှင့် လိုက်လျောညီထွေနေဖို့ထက် ကိုယ့်စိတ်၏အကြိုက်အတိုင်းသာနေသည်။
လူတွေအကြိုက်လိုက်နေရင်းကိုယ့်ဖြစ်ချင်တာတွေကိုယ်ခံစားချက်တွေနောက်ဆုံးကိုယ့်ရဲ့ ဖြစ်တည်မှုကပါပျောက်ကွယ်သွားမှာတော့အဖြစ်မခံနိုင်ပါ။
တစ်ချို့တွေဆို လူတွေအကြိုက်အလိုက်ဆောင်နေပြီးသူတိူ့သဘောကျသည့်အရာတွေကျနာကျင်စွာနှင့်အဆုံးရှုံးခံလိုက်ရတာမျိုး။
လူတွေအကြိုက်အတိုင်းနေပေးတတ်တော့ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့တာပေါ့။
အားလုံးရှေ့တွင်ပျော်နေပေမယိ့နောက်ကွယ်ကျပင်ပန်းနေကြသည့်သူတွေတစ်ပုံချည်း။
ဒါကြောင့်လည်း ချွဲယောန်ဂျွန်းက
ကိုယ်ကြိုက်သလိုနေမယ်။ကြိုက်သလိုရှင်သန်မယ် ကိုယ်လုပ်လိုက်တဲ့အရာကိုယ်ပေးဆပ်လိုက်သည့်အချိန်တွေအတွက်နောင်တတရားကင်းချင်တယ်။ က်ုယ်ပျော်သည်အရာတွေသာလုပ်ပြီး အေးအေးချမ်းချမ်းနေချင်သည်။
လွယ်ကူရိုးရှင်းပါသည်။ဒါပေမယ့်လည်းထင်ထားသလောက်ထိလည်းရိုးရှင်းမနေပြန်ဘူး။
ချွဲယောန်ဂျွန်းက စာလုပ်ရတာစာဖတ်ရတွေကြိုက်သည်။
သူများအတွက်ပျင်းဖို့ကောင်းပေမယ့်ချွဲယောန်ဂျွန်းအတွက်တော့စိတ်ပျော်ရွှင်အေးငြိမ်းရသည့်အချိန်တွေ။
YOU ARE READING
Get out ......Come Near
Romanceမင်းငါ့အနားမှာရှိနေရင်လညိးစိတ်ပျက်ပြီးမင်းငါ့အနားမရှိရင်လည်းမနေတတ်ပြန်ဘူး