Get out.....Come Near

144 13 9
                                    

ဆူဘင်း သည် အချိန်ပိုင်းအလုပ် ပြီးသည်နှင့်အိမ်ပြန်ရန်ထွက်လာသည်။

ယနေ့တွင် စိတ်ညစ်မှုတွေများနေ၍ အရာအားလူံးကိုမေ့ပျောကိချင်သည်။

မေ့ပျောက်ဖို့ရန်အတွက်မူးဖို့လိုသည်။

လက်ထဲတွင်ဆိုဂျူပုလင်းဘူးတစ်ဘူးနှင့်အတူအရက်သောက်ရင်း အိမ်ဆီသူပြန်နေသည်။

အရက်ဝင်ထားသည့်ခန္ဓာကိုယ်သည်နည်းနည်းလေးတော့ယိုင်သည်။

မျက်လုံးတွေသည်လည်းရီဝေဝေဖြစ်နေသည်။

' ချွဲယောန်ဂျွန်း'

အ​မြဲတစေ... တနေမိသည့်နာမ်စားလေး။

နာကျင်မှုတွေပေးနေမှန်းလည်းသိရက်နဲ့သောက်မှတ်မရှိကပ်တွယ်မိနေဆဲဘဲ။

ချစ်တာကိုး။ ရူးရူးမူးမူးကို ချစ်မိသွားတာကိုး။

ပိုင်ဆိုင်လိုစိတ်မပါတဲ့ချစ်ခြင်းတော့မဟုတ်ပေမယ့်....ပေါ့

ဆူဘင်းလည်းလူတစ်ယောက်ဘဲလေ။ကိုယ်ချစ်ရတဲ့သူကိုပိုင်ဆိုင်ချင်တာဘဲ။

ဒါပေမယ့်လည်း ချွဲယောန်ဂျွန်းရဲ့အမုန်းကိုတော့မပိုင်ဆိုင်ချင်ဘူး။

ချွဲယောန်ဂျွန်းစိတ်ရှုပ်မှာမလိုလားဘူး။

တိတ်တခိုးလည်းမချစ်တတ်ပြန်။ ချစ်နေကြောင်းလေးတော့ပြောပြရမှကျေနပ်ပြန်တော့။
ချွဲယောန်ဂျွန်းအတွကိစိတ်ရှုပ်စရာဖြစ်သွားတာပေါ့။

နှင်ရင်ထွက်သွားပေးတယ်။ ချွဲယောန်ဂျွန်းနဲ့ဝေးမယ့်နေရာမှာလည်းမနေနိုင်ပြန်ဘူး။

ဒီလိုလေးဘဲနေသွားချင်သေးတယ်။ ချစ်ကြောင်းလေးတွေသွားပြောလ်ုက်၊အနားကနေနှင်ရင်တစ်လှမ်းဆုတ်ပေးလိုက်။

ဘယ်အချိန်ကျရပ်တန့်မှာလဲ။ဒီလိုမျိုးဘဲသံသရာလည်နေလို့မဖြစ်ဘူးလေးလ်ု့ပြောလာခဲ့ရင်...

အင်း.......တစ်ချိန်ချိန်ကျရင်တော့ရပ်တန့်မှာပေါ့။

ချွဲယောန်ဂျွန်းနှုတ်ခမ်းကနေ '' ငါမင်းကိုမုန်းတယ်ပြောလာတဲ့နေ့''

'' ငါ့မျက်စိ​ရှေ့ဘယ်တော့မှမပေါ်လာပါနဲ့ ပြောလာတဲ့တစ်နေ့ ''

 Get out ......Come NearWhere stories live. Discover now