Love letter.

439 36 7
                                    


"ကိုကို ကျွန်တော့်ကိုလိုက်ပို့"

"အထက်တန်းတောင်ရောက်နေပြီ
ကိုယ့်ဟာကိုယ်မပြန်တတ်သေးဘူးလား"

နှာဖျားနားရွေ့ချင်နေတဲ့မျက်မှန်ကိုပင့်တင်ရင်း
ဂွန်းဝုပြောလိုက်တော့ ပါးစောင်းမှာ
တုတ်ထိုးချိုချဥ်ငုံထားတဲ့ကောင်လေးက
ဂွက်ခနဲမြည်သည်အထိ
ထိုချိုချဥ်ကိုကိုက်ချလိုက်သည်။

တစ်ခါတည်းကိုက်ရုံနှင့်မပြီးသေး
ဆက်တိုက်တဂျွက်ဂျွက်မြည်နေအောင်ပါဝါးပြနေသေးတာ။
သူပြောလိုက်တဲ့စကားကိုမကျေနပ်လို့
တမင်လုပ်ပြနေတာအသိသာကြီး။

"ပြိုင်ပွဲအတွက်အကိုစာကြည့်စရာတွေရှိသေးလို့
လိုက်ရှုပ်မနေဘဲကိုယ့်ဟာကိုယ်ပြန်လိုက်ပါ ယူဂျင်း"

"မရဘူး မရဘူး လိုက်မပို့ရင်
ကိုကို့စာအုပ်တွေဆွဲဖြဲမှာနော်"

သူ့စာအုပ်တွေကိုညွှန်ပြပြီး အလယ်ကနေဆွဲဖြဲမယ့်
အမှုအရာတွေပါလုပ်ပြပြီးချိန်းခြောက်နေတဲ့ကောင်လေးကြောင့်
ဂွန်းဝုစိတ်ရှုပ်ရှုပ်နဲ့ မျက်မှောင်ကြုတ်မိ၏။

"ကျွန်တော်ဆိုးတာသိတယ်မဟုတ်လား
ကျွန်တော့်ကိုတစ်ယောက်တည်းပြန်ခိုင်းရင်
လမ်းမှာဝင်တိုက်တဲ့လူတွေကိုလည်းဆွဲထိုးမှာ
လမ်းကူးနေရင်းကားတွေရှေ့လည်းပြေးရပ်မှာ
ညအထိအိမ်မပြန်ဘဲ တစ်မြို့လုံးလည်းပတ်ချင်ပတ်နေမှာနော်"

"အင်း...မင်းသဘောလုပ်ချင်ရာလုပ်"

ပြောပြီးတာနဲ့ဂွန်းဝုဖာသိဖာသာပဲလှည့်ထွက်ပြီး
အရှေ့ကိုဆက်လျှောက်လာလိုက်တယ်။

အမျိုးမျိုးခြိမ်းခြောက်ပြီးလူကိုစိတ်ရှုပ်အောင်
ဒုက္ခလိုက်ပေးနေတဲ့ကောင်လေးကို ဂွန်းဝုဘယ်လိုမှ
ကောင်းပေးချင်စိတ်မရှိပါ။

သူ့ဟာသူ လူရည်ချွန်ကျောင်းသားကိုလာကြိုက်ပြီး
အဖက်မလုပ်ခံရတော့လည်း ငြိမ်ငြိမ်မနေနိုင်ဘူးတဲ့လေ။
ပတ်ဂွန်းဝုမှာ အချိန်တွေပေါများနေတယ်လို့များထင်နေသလားပဲ။
ကြည့်ရမယ့်စာတွေနဲ့တင်တစ်နေ့တစ်နေ့ ၂၄နာရီရှိတာတောင်
မလောက်ငတာကို အဲ့အရူးကောင်လေးက
သူ့ဆီကနေဘာတွေမျှော်လင့်နေတာလဲ။

Love Letter [WOOKCHEN] | Commission Where stories live. Discover now