Love talk.

178 21 2
                                    

"ကိုကို"

အခန်းပြတင်းပေါက်ကနေခေါင်းလေးလျှိုထွက်လာပြီး
ခပ်ပြုံးပြုံးနှင့်သူ့ကိုခေါ်လာသူလေးကြောင့်
ဂွန်းဝုအတန်းအခြေအနေကိုဝေ့ကြည့်ပြီး အပြင်ထွက်ခဲ့လိုက်တယ်။

"ပြော"

"လွမ်းလို့"

မျက်ခုံးတန်းလေးနှစ်ခုရဲ့အစွန်းလေးတွေက
အောက်သို့ကျဆင်းလျက် မျက်လုံးဝိုင်းလေးတွေက
အပေါ်ပင့်ကြည့်ကာ နှုတ်ခမ်းလေးမဲ့ပြပြီး
ချွဲလာတဲ့ဟာလေးကြောင့် ဂွန်းဝုပြုံးချင်သွားတဲ့
သူ့နှုတ်ခမ်းတွေကို ပါးစောင်အား
ဖိကိုက်ရင်းချုပ်တည်းထားလိုက်ရ၏။

ဒီကောင်လေးသူအဖြေပြန်ပေးလိုက်ပြီးကတည်းက
အချိန်ပြည့်သူ့နောက်တကောက်ကောက်လိုက်ပြီး
ကြောင်လေးလိုကပ်ကပ်ချွဲနေတာ။

သူပြန်အဖြေပေးတယ်ဆိုတာကလည်း
ဟိုလိုကြီးချစ်ကြောင်းတစ်ခါတည်းပြန်ပြောလိုက်တာမျိုးမဟုတ်။
ဒီကောင်လေးပေးတဲ့စာကိုဖတ်ပြီးနှစ်ရက်လောက်နေမှ
သူ့လက်ထဲcandyလုံးလေးတွေလာထည့်ပေးတဲ့
ကောင်လေးကို ပြန်ဆွဲထားလိုက်ပြီ
'လက်ခံတယ်' လို့သာပြန်ပြောခဲ့တာမျိုးပင်။

အဲ့တုန်းကသူ့ဆီကအဖြေပြန်ရပြီး
ကြောင်တောင်တောင်လေးဖြစ်သွားတဲ့ယူဂျင်းရဲ့
မျက်နှာလေးကိုအခုထိမှတ်မိနေတုန်းသူ့မှာ။

"အပိုတွေ မနက်ကတင်ကျောင်းအတူတူလာတာကို"

"ဒါပေမယ့်စာသင်ချိန်၄ချိန်လုံးကြီး
မတွေ့ရသေးတော့ လွမ်းတာပေါ့လို့"

"အဲ့တော့.."

"အာဘွားပေး"

ဂွန်းဝုမျက်ခုံးပင့်ကာဘာလုပ်ပေးမလဲမေးမိတော့
အချစ်ခံချင်နေတဲ့ဟန်ယူဂျင်းလေးကသဲကဲစွာ
ပါးလေးတစ်ဖက်ကိုဖောင်းပေးပြီး
ခြေဖျားလေးလည်းထောက်လို့လာသည်။

ဂွန်းဝုသူ့ရင်ဘတ်သာသာကောင်လေး၏
နဖူးအားတောက်လိုက်မိပါ၏။

ဘယ်လိုတွေဖြစ်နေတာလဲ.. လူမြင်ကွင်းကြီးမှာကို။

"အ! ကိုကိုလို့"

သူတောက်လိုက်လို့နာသွားတဲ့နဖူးလေးကိုဖိကိုင်ကာ
ခပ်စူစူလေးပြောလာတော့ ပတ်ဂွန်းဝုအညံ့ခံလို့ဘယ်ဖြစ်မလဲ။

Love Letter [WOOKCHEN] | Commission Where stories live. Discover now