Chapter 11 + 12

45.9K 462 0
                                    

နောက်တစ်နေ့ မနက် လီယွင် နောက်ကျမှနိုးလာခဲ့သည်။

မနေ့ညက သူတော်တော်လေး
ပင်ပန်းသွားတာဖြစ်သည်။

သူမျက်နှာသစ်ရန်
မှန်ရှေ့ရပ်လိုက်ချိန်တွင်
သူ့ကိုယ်လေးက
ပင်ပန်းနွမ်းနယ်နေကာ
ဖြူရော်နေသည်။

သူရေချိုးလိုက်ကာ
ကျောင်းသွားရန်
အဝတ်အစားလဲပြီးနောက်
အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အောက်ထပ်ရှိ ထမင်းစားစားပွဲဍ်
သူ့အဖေနှင့် အစ်ကိုကြီးဖြစ်သူက
ရောက်ရှိနေပြီ ဖြစ်သည်။

"Morning ဖေဖေ"

"Morning အစ်ကို့ကြီး"

သူနှုတ်ဆက်လိုက်ကာ
ထိုင်လိုက်သည်။
သူ့အဖေနှင့် အစ်ကိုကြီးကလဲ

"Morning လီယွင်"

"Morning ယွင်အာ"

သူ့အစ်ကိုကြီးဖြစ်သူက သူ့အား ယွင်အာလို့ ခေါ်တတ်သည်။

"ဒီနေ့ နောက်ကျတယ်"

"ဟုတ် ကျွန်တော် မနေ့ညက အိမ်စာတွေလုပ်ရင်း နောကိကျမှ အိပ်လိုက်လို့ပါ ဖေဖေ"

ဖေဖေလီက

"နောက်ခါ စောစောအိပ်သင့်တယ်"

"ဟုတ် ကျွန်တော်သိပါပြီ"

"ဒီနေ့ မင်းအစ်ကိုလိုက်ပို့လိမ့်မယ်"

"ဟုတ်"

အစ်ကိုကြီးမှ သူ့အားကြည့်ရင်း

"လာ ​စားပြီးရင် ကိုကိုက လိုက်ပို့မယ်"

လီယွင်လဲ လက်စသတ်ကာ အမြန်စားပြီးနောက် သူ့အစ်ကိုကားပေါ်သို့ တက်လိုက်သည်။

သူ့ဂဏာမငြိမ်ဖြစ်နေမိတယ်
ဒီနေ့သူ့အစ်ကိုက
သူ့အား ဆက်ဆံတာ
ချိုသာနေသလိုဘဲ
သူအတွေးများနေချိန်တွင်
သူ့အစ်ကိုဖြစ်သူက
သူ့အနားတစ်ဖြည်းဖြည်း ကပ်လိုက်သည်။

သူ့အစ်ကိုရဲ့ ချောမောတဲ့
မျက်နှာက သူ့အနား
တစ်ဖြည်းဖြည်းကပ်လာချိန်တွင်
သူနှလုံးခုန် မြန်သွားကာ
မျက်စိစုံမှိတ်လိုက်မိသည်။

သူ့အစ်ကိုက သူဘေးက
ခါးပတ်အားဆွဲယူကာ
ထိုင်ခုံခါးပတ်တပ်ပေးလိုက်သည်။

ဒွိလိင်ကောင်လေးWhere stories live. Discover now