Ceilings

1.1K 94 10
                                    

ဆောနူရဲ့နေ့စဉ်ဘဝကတော့ အလုပ်သွားလိုက် အိမ်မှာ ညအိပ်ပြီး နောက်တစ်နေ့ဖို့ပြင်ဆင်လိုက်ပါပဲ ညဆိုင်းတွေရှိလို့ နောက်ကျမှ ပြန်ရလဲ ဆောနူအတွက်ကတော့ ပိုပြီး မထူးဆန်းတော့သလို ဒီလိုနေ့စဉ်ဘဝကြီးက သူ့အတွက်တော့ အသားကျနေခဲ့တယ်

မျှော်လင့်ချက် တစ်စလေးကို ကိုင်ဆုပ်ပြီး အဲ့ company မှာပဲ အလုပ်ဆက်လုပ်နေခဲ့ပြီး တခြား companies တွေက ကမ်းလှမ်းလာသမျှကို ပယ်ချနေခဲ့တာ ဆောနူ ဒီအလုပ်မှာ လူပင်ပန်းခံပြီး လုပ်နေသမျှက အလုပ်ကိုရောက်တိုင်း အဲ့လူရဲ့ မျက်နှာလေးကို မြင်ရဖို့ပါပဲ အမြဲတမ်းလိုလို ခက်ထန်နေတတ်တဲ့ မျက်နှာထား သာမန်ထက် ထူထဲပြီး နက်နေတတ်တဲ့ သူ့ရဲ့ မျက်ခုံးတွေ ပါးပြင်ပေါ်နဲ့ နှာတံရိုးဖြောင့်ဖြောင့် ပေါ်မှာ ရှိနေတဲ့ မှဲ့နက်တွေ အလိုမကျမှူတွေနဲ့ ပြည့်နေတတ်တဲ့ မျက်ဝန်းတွေကို ဆောနူ အချစ်ရဆုံးပါပဲ

မိုးရွာနေတုန်းက ထီးကမ်းပေးခဲ့ဖူးတဲ့ လက်တစ်ဖက်ပေမယ့် သူအဲ့လက်တစ်ဖက်ကိုပဲ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေခဲ့ဖူးတယ် ဒါပေမယ့် အောက်ခြေ ဝန်ထမ်းသမားသူနဲ့ ဥက္ကဌ ဆိုတာ အပ်မှ မအပ်စပ်နေခဲ့တာ

အဲ့နေ့ကိုပြန်တွေးကြည့်ရင်တော့ မိုးရွာထဲမှာ ဘက်စ်ကား ရပ်စောင့်နေခဲ့တဲ့ ဆောနူကို တွေ့ကြရမှာပေါ့

Flash back

ဒီနေ့ အလုပ်ဆင်းကာမှ မိုးတွေ သည်းလာတာမို့ ကျွန်တော် ဘက်စ်ကားဂိတ်ဆီ ပြေးသွားရတော့မယ်လို့ပဲတွေးမိတော့တယ် မနက်က မိုးလေဝသကြည့်တော့ မိုးမရွာနိုင်ပါဆိုလို့ ထီးကို အိမ်မှာထားခဲ့လိုက်တာ  ဥက္ကဌအသစ် မနက်ဖြန်ရောက်မည်ဆိုတဲ့ သတင်းကြောင့် မပြီးပြတ်သေးတဲ့ဖိုင်တွေကို လက်စသတ်နေလိုက်ရတော့ အလုပ်ဆင်းချိန်နဲ့အနီးဆုံး ဘက်စ်ကားကို လွတ်သွားတော့တယ်

နောက် ဘက်စ်ကားဆိုက်မယ့် အချိန်ကို ကြည့်တော့ တစ်နာရီတောင်လိုသေးတာမလို့  ဆောနူ ဂိတ်မှာပဲ စောင့်ဖို့ ကြံပေမယ့် မိုးမလုံတာကြောင့် သူ company အပေါက်ဝမှာပဲ ရပ်စောင့်နေလိုက်တော့တယ် တစ်နာရီတောင်အားနေတာမို့ နားကြပ်ထုတ်ပြီး သီချင်းတစ်ပုဒ်ဖွင့်ထားလိုက်တော့တယ် မိုးကလည်း ရွာနေတော့ သီချင်းကလည်း ခပ်ဆွေးဆွေးရယ် နေ့တိုင်း ပုံမှန်လည်ပတ်နေတဲ့ သူ့ဘဝကြီးကို ပြန်လှန်တွေးရင်း သီချင်းထဲပဲ နစ်မြောနေလိုက်တော့တာ ဘေးနားမှာ တစ်ယောက်ယောက် ရောက်လာတာကိုတောင် မသိလိုက်

Ceilings ( SunSun One Shot) Where stories live. Discover now