Sunghoon's pov

618 95 14
                                    

အဲ့နေ့ညက မြင်ခဲ့ရတဲ့ ပယင်းရောင်မျက်ဝန်းတစ်စုံဟာ သူ့အတွက်တော့ အလှဆုံးပါပဲ တစ်စိမ့်စိမ့်စိုက်ကြည့်ချင်သလို ထိုမျက်ဝန်းတွေထဲက ကြယ်ရောင်စုံနေတဲ့ စကြဝဠာ ကြီးထဲမှာ နစ်မြုပ်သွားချင်သလိုပါပဲ

ကျောင်းဘွဲ့ရပြီး ပြန်လာတည်းက အဖေ့ကုမ္ပဏီကို ဝင်ပြီးကူရတော့တာမလို့ ဆောင်းဟွန်းအတွက်ကတော့ လူငယ်ဘဝဆိုသည်လည်း သေချာမရှိခဲ့ပါ ၁၀နှစ်တည်းက နိုင်ငံခြားသွားခဲ့ရသည့်အပြင် ကျောင်းနဲ့ အိမ်ကိုပဲ အသွားအပြန်လုပ်နေခဲ့တာပင် စကားပြောရတာလည်း မကြိုက်တတ်တဲ့ သူမို့ သူငယ်ချင်းလည်းမရှိ နောက်မှသာ မဖြစ်မနေမို့ အတန်းဖော်တွေနဲ့ စကားပြောရင်း သူငယ်ချင်းရလာတာမျိုးပင်

ဆောင်းဟွန်း ကိုယ့်ကိုယ်ကို မှန်ထဲကို ကြည့်ရင်း နက်ခတိုင်ကို သေချာပြင်လိုက်တော့သည်  သူ့ကိုယ်သူတော့ သာမာန်ရုပ်ရည်လို့ပဲ ထင်မိသော်ငြား ဘေးနားလာသမျှ လူတိုင်းကတော့ သူချောကြောင်းတီးတိုးပြောသွားကြတာပင်

ဒီနေ့က ကုမ္ပဏီကို သွားစစ်ရမည်မို့  ကိုယ့်ကိုယ်ကို သေချာပြင်ဆင်ဖြစ်သည် သာမာန် suitတွေ ဝတ်ရတာ မကြိုက်ပေမယ့် ဒီနေ့တစ်နေ့စပြီး နေ့တိုင်းဝတ်ရတော့မှာ မို့ စိတ်ကျဉ်းကျပ်မိသည် သူဟာအမြဲလိုလို ပေါ့ပေါ့ပါးပါးပဲ ဝတ်တတ်တာပင်

အမြဲတမ်းလိုလို အိကျနေတတ်တဲ့ ဆံသားထူထူနက်နက်တို့က ဒီနေ့မှာတော့ ပုံစံသွင်းလျှက်သား
လက်မှာလဲ အဖေ့လက်ဆောင်ပေးထားတဲ့ နာရီကိုပတ်ပြီး ဆောင်းဟွန်း ကုမ္ပဏီကို သွားဖို့ ပြင်လိုက်တော့သည်  အချိန်ဆွဲလို့လည်း ဘာမှ ထူးလာမှာ မဟုတ်

တရိပ်ရိပ် ပြေးလွှားနေသော ကားတွေထဲတွင် ဆောင်းဟွန်းကားလည်း အပါအဝင် 
သိသင့်တဲ့အချက်တွေကို ဖတ်နေရင်းက မှန်အပြင်ကို ကြည့်မိတော့လည်း အလုပ်ကိုယ်စီ စိုးရိမ်ပူပန်မှူတွေ ကိုယ်စီနဲ့ ပြေးလွှားနေကြသော သူများကလွဲ သူဘာမှ မမြင်ရ

နာရီဝက်လောက် အကြာမှာတော့ သူဦးစီးရမယ့် ကုမ္ပဏီဆီကို ရောက်လာတော့သည် ဝန်ထမ်းတွေက သူ့နာမည်ကိုတော့ သိထားသော်လည်း ဒီနေ့ သူလာမည်ဆိုတာကိုတော့ ပြောမထားဖြစ်ပါ ဒီတိုင်း လှည့်ပတ်ကြည့်ရုံလောက်တင်မလို့ပင် ဒါပေမယ့် ညနေကျ အဖေ့သူငယ်ချင်းနှင့်တွေ့ရမှာမို့ပါ အိမ်တစ်ခေါက်မပြန်ချင်တော့တာမို့ အကျီပါလဲလာခြင်းပင်

Ceilings ( SunSun One Shot) Where stories live. Discover now