Part - 12

1.5K 124 9
                                    

Unicode

စည်ကားလှတဲ့ပွဲတော်ကြီးရဲ့အလယ် တစ်ယောက်လက်ကိုတစ်ယောက်တွဲကိုင်ထားရင်း အပြုံးကိုယ်စီဖြင့်။

Diary ထဲကပထမတစ်ခုဖြစ်တဲ့ဒီနေရာ။

မြောက်များစွာသောလူတွေကြားချစ်ရသူနဲ့အတူတိုးဝှေ့သွားလာနေရသည်ကပင်ကြည်နူးစရာတစ်မျိုးပင်။
အိစက်စက်လက်အထိအတွေ့ကြောင့် mask အောက်မှအပြုံးတို့ကရပ်တန့်မသွားနိုင်။

" တော်သေးတယ် Jeon .. mask တပ်လာလို့ "

အသံသေးသေးလေးထွက်လာတာကြောင့်တိုးဝှေ့နေရင်းလှည့်ကြည့်လိုက်ပြီး လက်ကိုဆွဲကာကိုယ့်နံဘေးရောက်အောင်ခေါ်လိုက်သည်။

" ဘာလို့လဲအကို စိတ်ညစ်နေပြီလား "

" အကိုကမေးရမှာပါ .. အခုနေတစ်ယောက်ယောက်များမှတ်မိသွားခဲ့ရင် .. "

ဂျောင်ကုမျက်လုံးဝိုင်းဝိုင်းလေးမှိတ်သည်အထိပြုံးလိုက်မိသည်။

" အကို .. ကျွန်တော့်ကိုလဲသေချာကြည့်ပါဦး "

ကိုယ်ပြောလိုက်တော့လဲတကယ်အူကြောင်ကြောင်လေးကြည့်လာသည်။
အကိုတို့လမ်းထိပ်မှာကားမထွက်ရသေးခင်အထိ mask ဦးထုတ်နဲ့ မျက်မှန်အပြင် ချွတ်ထားတဲ့ coat ကိုပါထပ်ဝတ်ခိုင်းထားတာကြောင့် သူ့ပုံစံက ယောက်ျားလေးတစ်ယောက်အသွင်ကလွဲဘယ်သူဘယ်ဝါမမှန်းနိုင်။
ဘာလို့ဒါတွေအကုန်ဝတ်ခိုင်းတာလဲမေးလိုက်တော့

" သူများမြင်မှာစိုးလို့ "

ဆိုပြီး Boxy Smile လေးပေါ်တဲ့အထိပြုံးပြီးပြောလာသည်။

" ဟုတ်သားနော် တစ်ကိုယ်လုံးလုံခြုံနေတာ "

အကို့စကားကြောင့်ခေါင်းခါရင်းသာရယ်နေမိတော့သည်။

" ဖောက် "

အသံလာရာဆီပြိုင်တူကြည့်မိတော့ လူအနည်းစုရှိနေပြီး သေနတ်ကိုယ်စီကိုင်ကာ ပူပေါင်းသေးသေးတွေကိုချိန်ရင်းပစ်ကာကစားနေကြသည်။
အကို့ဆီမှအသံတိတ်သွားလို့ကြည့်လိုက်တော့ ထိုအရာကို မျက်လုံးဝိုင်းဝိုင်းတို့ဖြင့်ကြည့်နေသည်။
ဂျောင်ကုသဘောပေါက်သွားပြီး အကို့လက်ကိုဆွဲကာထိုဆိုင်သို့ခေါ်လာလိုက်သည်။

8 Letters ( Completed )Where stories live. Discover now