Part - 10

1.7K 126 4
                                    

Unicode

" အကို .. လာ "

ဟိုကြည့်ဒီကြည့်လိုက်ပါလာတဲ့အကို့လက်ကိုတွဲထားရင်း Company ဆီသို့ခေါ်လာလိုက်သည်။
အခန်းဆီသို့သွားနေတဲ့တစ်လျှောက် လူတွေကလဲတကြည့်ကြည့်ဖြင့်။
ဒါမျိုးတွေ Jungkook ဂရုမစိုက်ပေမဲ့ အကိုစိတ်ရှုပ်မှာတော့မလိုလား။
စပ်စုသလိုကြည့်နေတဲ့မျက်လုံးတွေကို ခပ်စူးစူးတစ်ချက်စိုက်ကြည့်ပေးလိုက်ရင်း ခြေလှမ်းတို့ကိုနှစ်ဆမြန်လိုက်သည်။

" ဒါ ကျွန်တော့်အခန်းလေ .. ကျန်တဲ့အခန်းတွေဆိုမျက်စိရှုပ်နေမှာစိုးလို့ဒီကိုပဲခေါ်လာလိုက်တာ "

ဘေးဘီဝဲယာကိုလိုက်ကြည့်နေရင်း ခေါင်းတစ်ချက်ညိမ့်ပြသည်။

' CEO JEON JUNGKOOK '

" Jeon က Euphoria ရဲ့ CEO လား "

table ပေါ်မှ အကြည်ရောင်ဖန်သားပြင်ပေါ်ရေးထိုးထားတဲ့စာတန်းကိုကြည့်ရင်းမေးလာသည်။

" အာ .. ဟုတ်တယ်အကို "

" အကိုထင်တာ .. NamJoon hyung က CEO လို့လေ "

အကို့စကားကြောင့်ခပ်လွင့်လွင့်လေးရယ်လိုက်ရင်း

" Joon hyung က ဒါရိုက်တာချုပ်လေအကို .. Company အဖွဲ့ဝင်တွေကလွဲပြီး ကျွန်တော်က CEO ဆိုတာဘယ်သူမှမသိဘူး .. အကိုပထမဆုံးပဲ "

ပြောသမျှကိုခေါင်းလေးတစ်ညိမ့်ညိမ့်နားထောင်နေတဲ့အကို့ပုံစံလေးကချစ်စရာအတိပင်။
ပခုံးကနေအသာကိုင်ရင်း ခုံပေါ်ထိုင်စေလိုက်သည်။

" ခဏထိုင်နေအကို .. ကျွန်တော်တစ်ခုခုသွားယူပေးမယ် .. ကျွန်တော့် schedule မရှိတော့ဒီကိုဘယ်သူမှမလာဘူး လွပ်လွပ်လပ်လပ်သာနေနော် "

**

အကို SeokJin ကိုလိုက်ပို့အပြီး Company သို့တန်းလာခဲ့လိုက်သည်။
Jungkook ရှိရင်ရှိ မရှိရင်သူရှိနေမှဖြစ်မည်။
Jeon Jungkook က တစ်လနေလို့တစ်ခါတောင် Company ကပ်တဲ့ကောင်မဟုတ်။
ပွဲရှိမှပင့်လို့ရတဲ့လူမျိုးပင်။

" ti ti .."

" အင်း .. ပြော "

" ..... "

" Jungkook အခန်းထဲမှာလား "

" ..... "

" အင်းအင်း .. ယူပေးထားမယ် မင်းလဲအမြန်လာ "

8 Letters ( Completed )Where stories live. Discover now