Uni
ဘဝကြီးကအကိုနဲ့တွေ့မှစတာပါ
"ဟေ့ ရိပေါ် ရိပေါ်"
ရိပေါ်တစ်ယောက်သူငယ်ချင်းဖြစ်သူ ကျန်းချန်အသံကြောင့်
Laptopကိုပိတ်လိုက်မိတယ်
အဲ့ကောင်ကအဲ့လိုပဲဝတၳုရေးဖို့ပြင်တာနဲ့အလိုလိုရောက်လာပြီး
ဝင်နေတဲ့Moodတွေကိုဖျက်စီးတက်တယ်"ဘာလဲကွာ?"
တံခါးကိုဖွင့်လိုက်တာနဲ့မြင်လိုက်ရတဲ့ ကျန်းချန်ပုံကြောင့် ဝမ်ရိပေါ်မှာပြောစရာစကားတွေပျောက်ရှသွားတယ်
ဆံပင်ဘုတ်သိုက်အကျႌ ကပိုကရို ဖိနပ်တစ်ဖက် နဲ့ ကျန်းချန်ဟာ
အင်ဂျင်နီယာဌာနရဲ့Kingဆိုတာယုံရန်မရှိ
ဒီပုံစံကိုသာကျောင်းထဲကကောင်မလေးတွေမြင်လိုက်လို့ရှိရင်သွေးတက်ပြီးသေမှာမြင်ယောင်သေး"ဘာဖြစ်လာတာလဲ?"
"ဘာဖြစ်ရမှာလဲဒီမှာကြည့်လေ"
စကားအဆုံးမျက်စိရှေ့ကိုရောက်လာတဲ့ဖုန်းနဲ့အတူ မြင်လိုက်ရတာက "4 ever " ဆိုတဲ့Ficရဲ့ဇာတ်သိမ်းပိုင်း
"ဟင်ထွက်ပြီလား"
"အင်း ငါတောင်ဖတ်ပြီးသွားပြီ"
"ဟုတ်လားငါမဖတ်ရသေးဘူး ခဏလေးငါဖတ်အုံးမယ်"
ဝမ်ရိပေါ်ဟာ ကျန်းချန်လက်ထဲကဖုန်းကိုယူလိုက်ပေမဲ့
ကျန်းချန်ကတော့ဖုန်းကိုမပေးဘဲ
ဘောင်းဘီအိပ်ထောင်ထဲကိုထိုးထည့်လိုက်တယ်"ဟျောင့် ကျန်းချန် ပေးလေကွာ ဘာလို့အိပ်ထောင်ထဲထည့်လိုက်တာလဲ"
"မဖတ်နဲ့"
"ဘာဖြစ်လို့လဲ မင်းပဲဖတ်စေချင်လို့လာပြတာမဟုတ်လား"
"ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့ ဒါပေမဲ့.."
"ဒါပေမဲ့ ဘာဖြစ်လို့လဲ ဆက်ပြောလေကွာ"
"ဝတၳု ထဲမှာ ဝမ်ရိပေါ် သေသွားတယ်ကွ"
"ဘာ!ဝမ်ရိပေါ် သေသွားတာလား"
"ဟုတ်တယ်"
"တောက်စ်"
ထိန်းမရတဲ့ဒေါသစိတ်နဲ့အတူ ဝမ်ရိပေါ် ဟာ
ကားသော့ကိုဆွဲယူရင်းအပြင်ကိုပြေးထွက်သွားတယ်