Zaw
အာလူးကြော်လေးကို တစ်ကျွတ်ကျွတ် ခိုးဝါးရင်း
Management ဆရာရဲ့ သင်တန်းကို ဂရုတစိုက်နားထောင်နေတဲ့ သခင်လေးဝမ်ရဲ့ပုံစံဟာ အရင်ကပုံစံထက်အများကြီး ပြောင်းလဲနေကြောင်း အကုန်လုံးသတိထားမိ၏အရင်တုန်းက သခင်လေးဝမ်ရိပေါ်ဟာ ရုပ်ကလေးနဲ့မလိုက်အောင် ဆိုးသွမ်းသည်
သူဟာ ဒီကျောင်းရဲ့ပိုင်ရှင် ဒီဝမ်ကျူလျို့ရဲ့သားအရင်းဖြစ်သလို
သူဘာလုပ်လုပ် လိုက်ကာကွယ်ပေးနေတဲ့ စီနီယာ ဟောက်ရွမ်းကြောင့်လဲ သူကထိန်းမရအောင်ဆိုးသွမ်းလာသည်ဘယ်ဆရာ ဆရာမရဲ့စကားမဆို နားမထောင်ချေ အတန်းချိန်မှာ မုန့်တွေစားတက်သည် ခိုးစားတာမဟုတ် ပေါ်တင်စားတာပင် ကျောင်းအုပ်ရဲ့သားဆိုတော့ ဘယ်သူမှ အပြစ်မပြောရဲ တကယ်လို့အပြစ်ပြောခဲ့ရင်လဲ ထိုဆရာ ဒါမှမဟုတ် ထိုကျောင်းသားဟာ ချက်ချင်းကျောင်းမှထုတ်ပယ်ခြင်းခံရလိမ့်မည်
ရုပ်ကလေးကချောတော့ အနဲငယ်စန်းပွင့်ပေမဲ့
လူတိုင်းကို မတူသလိုမတန်သလိုကြည့်တက်တဲ့ စိတ်ကလေးကြောင့် လူချစ်သူခင် မပေါများပေ မုန်းသူသာပေါများ၏သို့သော်လဲ ဝမ်ရိပေါ်ကစောက်ဂရုမစိုက်ချေ
သူဟာအမြဲတမ်းပြဿနာရှာတက်ပြီး
စီနီယာဝမ်ဟောက်ရွမ်းကတော့ သူရှာသမျှ ပြဿနာတွေကို အမြဲတမ်းဖြေရှင်းတက်သဖြင့် သူကဘာကိုမှဂရုမစိုက်တက်
သူက တကယ်ကိုလူပေါ့ကြော့သခင်လေးပင်"အားလုံးအဖြေရကြပြီလား"
Managementပါမောက္ခရဲ့အမေးကြောင့် အားလုံးဟာခေါင်းငုံ့သွား၏
"မင်းတို့ကအခြေခံကိုတောင်မသိရင် ဘယ်လိုလုပ်စီမံခန့်ခွဲမှာလဲကွ"
ဒေါသထွက်နေတဲ့ဆရာကြောင့်ဝမ်ရိပေါ်က လက်ထောင်လိုက်တယ်
"ဆရာ ကျွန်တော့်ဖြေပါ့မယ်"
အမွေစိန်ကလက်ထောင်လာတာမို့လို့ ပါမေက္ခကမျက်ခုံးလှုပ်နေ၏
"ဖြေ!မှားရင်တော့မြင်လားဒီပေတံကို"
"ဟုတ်ဆရာ"
ဝမ်ရိပေါ်မှာပါမောက္ခလက်ထဲက ဂျယ်လီပေတံကိုကြည့်ရင်း
တွန့်ဆုတ်စွာဖြေလိုက်တယ်