Uni
ဝမ်ရိပေါ်သည် ချောလွန်းတဲ့ဇာတ်လိုက် Seme အကိုကြီးကို ကြည့်ရင်း အံ့သြလွန်းလို့ထရပ်မိသွားတယ် ရုတ်တရက်မို့လို့ထင်တယ်
သူရဲ့ဒဏ်ရာကတစ်ဆစ်ဆစ်နာကျင်လာတယ် ဝမ်သခင်လေးရဲ့ ဝေဝေဝါးဝါးပုံရိပ်တွေကိုပြန်မြင်ရတော့ သူ့ရဲ့ခေါင်းက ပေါက်ထွက်တော့မဲ့အတိုင်းပဲ ထိုအချိန်"ရိပေါ်"
ဟုသောခေါ်သံနဲ့အတူ ရိပေါ်ကို လူတစ်ယောက်ကလာတွဲပေးတယ်
"ဟောက်ရွမ်းကော"
ဟုတ်ပါတယ်လာတွဲတဲ့သူကသူ့ရဲ့ဝမ်းကွဲအကို ဝမ်ဟောက်ရွမ်းပါပဲ
ကျောင်းထဲမှာတော့ ဝမ်ဟောက်ရွမ်းကို သူ့အကိုဆိုတာသိတဲ့လူမရှိပါဘူး"ဘာလုပ်နေတာလဲသခင်လေးကိုဆေးခန်းခေါ်သွားလိုက်ကြလေ"
ဝမ်ဟောက်ရွမ်းရဲ့စကားအဆုံးကောင်လေး၂ယောက်က
ဝမ်ရိပေါ်ကိုတွဲခေါ်ပြီး ကျောင်းဆေးဆန်းကိုခေါ်သွားကြတယ်
အင်ဂျင်နီယာဋ္ဌာနရဲ့Kingဖြစ်တဲ့ ဝမ်ဟောက်ရွမ်း ဟာ ချမ်းသာသဖြင့် ကျောင်းမှာအာဏာရှိတယ်
စီနီယာတစ်ဦးလဲဖြစ်တာမို့လို့ သူကိုဘယ်သူမှမလွန်ဆန်ရဲကြပေရိပေါ်ထွက်သွားတာနဲ့ ဝမ်ဟောက်ရွမ်းဟာ သူ့သူငယ်ချင်းဟောင်း
ရှောင်ကျန့်ရှေ့မှာထိုင်လိုက်ရင်းစကားပြောဖို့ပြင်တယ်
ဝမ်ဟောက်ရွမ်းရဲ့ မျက်လုံးသာ ဓားတစ်ချောင်းဆိုရင် အခုချိန်မှာ
ရှောင်းရှောင်ကျန့် အပိုင်းပိုင်းပြတ်နေလောက်ပြီ"ရိပေါ်နဲ့မပတ်သတ်ပါနဲ့"
ထိုစကားကြားတော့ရှောင်ကျန့်ဟာခနဲ့စွာတစ်ချက်ပြုံးလိုက်မိတယ်
သခိုးကလူပြန်ဟစ်နေတာပဲ"မပတ်သတ်ဖို့ပြောရမှာ ငါ့ကိုမဟုတ်ဘူး
မင်းရဲ့သခင်လေးဝမ်ရိပေါ်ကိုပါ""ရှောင်းရှောင်ကျန့် မင်း"
ဟောက်ရွမ်း က ရှောင်ကျန့်ရဲ့ကော်လံကိုဆွဲကာ ထိုးဖို့ပြင်လိုက်တယ်
ဒီကောင်က အခုသူနဲ့ သူ့ညီကို ပေးစားလိုက်တာမလား"ဟောက်ရွမ်း စိတ်လျော့ ရှောင်ကျန့် မင်းလဲတော်တော့"
သူငယ်ချင်းဖြစ်သူ လျိုဟိုက်ခွမ်း ဝင်တားမှပဲ နှစ်ယောက်စလုံးရဲ့ တင်းမာနေတဲ့အခြေအနေဟာရပ်တန့်သွားတော့တယ်