weird

111 14 12
                                    

2:30 am

*တီးတောင်* *တီးတောင်**တီးတောင်*
*တီးတောင်* *တီးတောင်*

"အာ...."

နာရီကိုကြည့်လိုက်တော့ 3နာရီထိုးတော့မယ်
ဒီအချိန်ကြီးကျမှ တံခါးဘဲလ်ကိုမတရားလာတီးနေတာ ဘယ်ကောင်လဲကွာ!! ဂျောင်ကုစိတ်ရှုပ်ရှုပ်နဲ့ပင်ဆံပင်တွေကိုဖွကာ အိပ်ယာမှ ထလိုက်သည်

ဘေးကုတင်ကိုကြည့်လိုက်တော့ ဟိုဂျပန်ကောင် ရှိမနေ၊

ကျစ်**
သေချာပေါက် အဲ့ သတောင့်စားပဲ

မပွင့်တပွင့်မျက်လုံးတွေနဲ့အတူ အိပ်မှုန်စုတ်ဖွားပဲ မြည်နေတဲ့ တံခါးကိုဖွင့်ဖို့ အိမ်ရှေ့ထွက်လာခဲ့လိုက်တယ်

*တီးတောင်* *တီးတောင်*

"အာ..လာပြီလို့ ဇွတ်တီးနေတော့တာပဲ"

"မင်းမှာ သော့ပို..."

တံခါးဖွင့်ဖွင့်ချင်း မြင်ကွင်းကြောင့် ပြောမယ့်စကားပင် လည်ဝတစ်သွားတော့တယ်

"Asian လေးကျမကိုကူညီပါဦး"

"အာ..ဟုကဲ့ လာ လာ"

လူမသိသူမသိမူးရူးနေသော ဂျပန်ကောင် ကို sweety လက်ထဲမှ အမြန်တွဲကာ ဆိုဖာပေါ် ဘုတ်ခနဲပစ်ချလိုက်တယ်

"အင့်! အာ..."

အရှိန်နဲ့ ပြုတ်ကျတာမို့ ကျောအောင့်သွားမှာ အမှန် သေပါစေ
အမြင်ကပ်လို့ သောက်ဂျပန်ကောင်

"အာ.. sweety လည်း နောက်ကျနေပြီဆိုတော့ ပြန်တော့လေ"

"Oh!! seriously?? Haha"

စေတနာနဲ့ပြောတာကို ပြောင်ချော်ချော်လုပ်ပြနေတာတော့ ဂျောင်ကုမကြိုက်

"Sorry sorry! my bad..အိမ်ပြန်နောက်ကျတယ်ဆိုတာ Asia မှာပဲ အသုံးဝင်တာပါ Europe မှာတော့ အိမ်ပြန်မှ ထူးဆန်းတာ "

ဟုသားပဲ ကျတော်မေ့သွားတယ်
တကယ်ပါ western countries တွေရဲ့ တိုးတက်မှုကို သဘောကျတာမှန်ပေမယ့် သူတို့ရဲ့ နေထိုင်မှုပုံစံတွေကိုတော့ မနှစ်မြို့တာအမှန်ပဲ
စကားပြောရင် Asian,Asia နဲ့ racist လုပ်နေသလိုပဲ

"အာ...အာရှသားလို့ ခနခနပြောနေလို့စိတ်ထဲမထားပါနဲ့နော် ခွဲခြားတာမဟုပါဘူး ရှင့်နာမည်ကို ကျမသိပ်မခေါ်တတ်လို့လေ "

My roommate is Japanese Where stories live. Discover now