* Past Life Fic တွင်ပါဝင်သော အကြောင်းအရာ၊တည်နေရာများသည် စာရေးသူ၏စိတ်ကူးယဥ်ရေးသားထားခြင်းသာဖြစ်ပါသည်။ပြင်ပနှင့်ချိတ်ဆက်မှုလုံးဝမရှိပါကြောင်းနှင့် GeminiFourth ကိုထိခိုက်စေလိုခြင်းမရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ *ဆိုင်ကယ်ပေါ်တက်ဖို့ရန်အတွက် လမ်းမဘက်ကိုထွက်သွားနေတဲ့ကျောပြင်ကိုကြည့်ရင်း Fourth စိတ်ထဲတင်းကြပ်မှုကိုခံစားလာရသည်။ဘာလို့မှန်းမသိ ထိုလူကိုထွက်မသွားစေချင်သေး။
" အဲ့ကိုမသွားနဲ့ ငါပြောနေတာမကြားဘူးလား "
သူဘယ်လောက်ပင်အော်နေပါစေ တစ်ချက်လေးတောင်လှည့်မကြည့်လာသော ထိုလူကြောင့် Fourth အသက်ရူရပ်မတက်ဖြစ်လာ၏။
" ငါပြောနေတယ်လေ အဲ့ကိုမသွားနဲ့ဒီကိုပြန်လာခဲ့ "
ပြေးလိုက်လို့ရတာသိနေပေမဲ့ သူ့ခြေထောက်တွေကနေရာကမရွေ့နိုင်ပဲ ခဲဆွဲထားသလိုရပ်တန့်နေသည်လေ။မကြာခင်အချိန်မှာပဲ ထိုလူဟာသူမြင်ကွင်းထဲကနေပျောက်ကွယ်လုနီးပါးဖြစ်လာသည်။
" မရဘူးမသွားရဘူး ငါ့ဆီပြန်လာခဲ့ပါ "
" ငါ့ ဆီပြန်လာခဲ့ ~~ "
Fourth မျက်လုံးနှစ်ဖက်ပွင့်သွားပြီးပထမဆုံးမြင်လိုက်ရတာက သစ်သားပြားထပ်ထားတဲ့အပေါ်ထပ်ကုတင်ရဲ့မျက်နှာကျက်ပင်။ရေချိုးခန်းထဲမှထွက်လာတဲ့အခန်းဖော်သူငယ်ချင်းကတော့ သူ့ကိုမထူးဆန်းတော့သလိုပင်လုပ်စရာရှိတာပြန်လုပ်နေလေ၏။
ချွေးတွေရွှဲပြီးစိတ်ညစ်စွာနိုးလာရတဲ့မနက်ခင်းမို့ ဒီနေ့ရဲ့တစ်နေ့တာကတော့ တော်တော်ကိုလုံးပန်းရတော့မဲ့အနေအထားမှာရှိသည်။
" ထပ်ပြီး မက်ပြန်ပြီလား "
" အင်း "
သူအသက် ၁၈ နှစ်ပြည့်ကတည်းက ညစဥ်မပြတ်မက်လာခဲ့တဲ့ အိပ်မက်ဖြစ်နေတာမို့ထွေထွေထူးထူးကြီးခံစားနေရတာမျိုးမရှိတော့ပါ။ဒီလိုအိပ်မက်တွေကို ၂ နှစ်နီးပါးလောက်မက်လာတာတောင်အိပ်မက်ထဲက ထိုလူရဲ့ပုံရိပ်အစစ်အမှန်အားသေချာမမြင်ရသေး။
YOU ARE READING
Past Life
Fanfictionအကယ်၍ နောက်ဘဝဆိုတာသာရှိခဲ့ရင် ငါမင်းနဲ့အတူရှိဖို့ကိုပဲထပ်ရွေးချယ်မယ်