ပုံမှန်နေ့ရက်တွေလိုပင် Fourth ကတော့အတန်းရှိတဲ့ရက်တွေဆိုကျောင်းသွားလိုက် အတန်းမတက်ရတဲ့ရက်တွေဆိုရင်ဦးလေးဆိုင်လာကူလိုက်ဖြင့် နေ့ရက်တွေကိုကုန်ဆုံးပစ်လေ့ရှိသည်။ဒီနေ့တော့ P'Earth ကဘာစိတ်ကူးပေါက်လဲမသိ ပျော်ပွဲစားလေးတစ်ခုသွားမယ်ပြောတာကြောင့် သူပါရောယောင်လိုက်ရတော့မည်။" ပစ္စည်းတွေစုံရဲ့လား "
P' Mix လဲဆေးခန်းနားရက်ရတာမို့သူတို့သုံးယောက်ကားပေါ်သို့စကားတပြောပြောနှင့်ထွက်လာလိုက်ကျ၏။
" P'Earth မနေ့ညကစာအုပ်လာယူမယ်ပြောတဲ့ ဧည့်သည်ရှိတယ်မဟုတ်လား သူလာယူလို့ဆိုင်ပိတ်နေရင်ဘယ်လိုလုပ်မလဲ "
Mix ကလမ်းတစ်ဝက်လောက်ရောက်ကာမှမနေ့ကစာအုပ်လာယူမယ်ပြောတဲ့လူအကြောင်းသတိရသွားပြီး Earth ကိုသတိပေးလာသည်။
" ကိုယ် ဖုန်းနံပါတ်ကပ်ထားခဲ့ပါတယ် ညနေပြန်ရောက်ရင်ဆက်သွယ်လို့ရအောင်လေ "
" အင်းပါ အဲ့လိုဆိုလဲ ... ဒါနဲ့အဲ့စာအုပ်ပေးတဲ့အဖွားရဲ့မိသားစုကလဲတော်တော်ထူးဆန်းတယ်နော် ကျွန်တော်ဖြင့်ကျွန်တော်တို့ပထမဆုံးတွေ့တုန်းကနေ့ကိုအခုထိအမှတ်တရဖြစ်နေတုန်းပဲ "
Mix ရဲ့ပြောစကားကြောင့် အနောက်ခန်းက Fourth ရဲ့ခေါင်းလေးထောင်လာကာ ...
" ဘာဖြစ်လို့လဲ P' "
" အစ်ကိုတို့နှစ်ယောက် Pattaya ကိုရောက်တော့
တရုတ်တန်းကိုသွားဖြစ်ကျတယ် မင်း အစ်ကိုကတရုတ်စာပဲစားချင်နေတယ်ဆိုလို့လေ ဖြစ်ချင်တော့အစ်ကိုတို့ကလမ်းမှားပြီးအဲ့နေရာနဲ့ဆန့်ကျင်ဘက်ကိုရောက်သွားတယ် အဲ့ကတွေ့တဲ့ကြက်ဆီထမင်းဆိုင်လေးမှာပဲနေ့လည်စာဝင်စားဖို့ဆုံးဖြတ်လိုက်ကျတာပေါ့ ဆိုင်ပိုင်ရှင်အဖွားကအစ်ကိုတို့နှစ်ယောက်ကိုမြင်တော့ ဦးလေးဂျင်နဲ့အစ်ကိုဝမ် လို့ခေါ်ပြီးကျေးဇူးတင်စကားကိုအထပ်ထပ်ပြောတော့တာပဲ သူ့မြေးဖြစ်တဲ့ကလေးတွေကတော့အဖွားက အသက်ကြီးလာတော့မှတ်ဥာဏ်သိပ်မကောင်းတော့လို့နားလည်ပေးပါဆိုပြီး ခွင့်တောင်းလာတယ်လေ
ဒီလိုနဲ့ပဲအစ်ကိုတို့နှစ်ယောက်လုံးအဖွားနဲ့ထမင်းအတူစားခဲ့ရတယ် "
YOU ARE READING
Past Life
Fanfictionအကယ်၍ နောက်ဘဝဆိုတာသာရှိခဲ့ရင် ငါမင်းနဲ့အတူရှိဖို့ကိုပဲထပ်ရွေးချယ်မယ်