ညစာစားပြီးနောက် Fourth က ကော်ဖီသွားဖျော်ပေးသည်။အဲ့နောက်သူတို့လေးယောက် ဧည့်ခန်းထဲမှာထိုင်ရင်း စာအုပ်အကြောင်းကိုစဆွေးနွေးဖြစ်ကျ၏။Fourth ကတော့စိတ်မဝင်စားတာရောခရီးပန်းလာတာကြောင့်ရော အိပ်တော့မယ်ပြောပြီးအခန်းထဲသာဝင်ခဲ့လိုက်တော့တယ်။သူလူမှားတာပဲဖြစ်မှာပါ
အိပ်မက်ထဲကလူရဲ့အနောက်ကျောကိုမြင်ရရုံနဲ့ ဒီလူဟာသူ့အိပ်မက်ထဲကလူမှန်ပါတယ်လို့ကောက်ချက်ချလို့မှမရတာ။ဒါ့အပြင်အဲ့ဒီ့လူကအိပ်မက်ထဲကလူမှန်သည်ထားတော့ သူကဘာဆက်လုပ်ရမှာတဲ့လဲ .. သူလုပ်နိုင်တာမှမရှိတာလေ။" ဒီစာအုပ်ကို ဘာလို့ရှာနေတာလဲသိလို့ရမလား
တစ်မျိုးတော့မထင်ပါနဲ့ အရမ်းနာမည်ကြီးတဲ့စာအုပ်လဲမဟုတ်တော့လေ "" ကျွန်တော်ပြောလိုက်ရင်စိတ်မမှန်တဲ့လူလို့ထင်ကောင်းထင်နိုင်လိမ့်မယ် တစ်ကယ်ကကျွန်တော် Liming ဆိုတဲ့ကောင်လေးကိုရှာနေတာပါ "
Earth ကကော်ဖီကိုယူသောက်ရင်းမျက်ခုံးတစ်ဖက်အပေါ်သို့တွန့်သွားသည်။တစ်ကယ်လဲစိတ်ထဲကနေ ဒီကောင်လေးပုံမှန်ရောဟုတ်ရဲ့လားလို့တောင်တွေးမိသွား၏။လူရှာဖို့ကအပြင်မှာလိုက်ရှာရမှာကိုဘယ်နှယ့်စာအုပ်ထဲမှာလာရှာနေရတာလဲ။
" ကျွန်တော် နှလုံးအစားထိုးခွဲစိတ်မှုလုပ်ပြီးတဲ့အချိန်ထဲက Liming ဆိုတဲ့ကောင်လေးကိုအိပ်မက်တွေထဲမှာနေ့စဥ်လိုလိုတွေ့နေရတယ် နောက်ပြီးသူနဲ့ပတ်သက်တဲ့အချက်အလက်တွေကမှန်ကွဲစတွေလို မျိုးတစ်စစီပြန့်ကျဲ့နေပြန်တယ် ကျွန်တော်နဲ့သိနေတဲ့လူလား ဒါမှမဟုတ်ကျွန်တော်ကသူ့ နှလုံးကိုယူထားမိလို့ခြောက်လှန့်နေတာလားဆိုတာကိုလဲသိချင်တယ် အဲ့တာကြောင့် ... "
Earth နဲ့ Mix ကတစ်ချိန်တည်းမှာပဲမျက်လုံးချင်းစုံမိပြီးတူညီတဲ့အတွေးတစ်ခုကိုတွေးမိပုံရတယ်။
" အဲ့တာကြောင့်ဒီစာအုပ်ကိုလိုက်ရှာနေတာပေါ့
Liming ရဲ့အကြောင်းသိနိုင်မလားဆိုပြီး "Gemini ခုံရှေ့ကစာအုပ်ကို လေးပင်စွာကြည့်ရင်း
ခေါင်းငြိမ့်ပြလိုက်တယ်။မကြာပါ ခြံရှေ့ကကားဟွန်းတီးသံကြောင့် သူတို့သုံးယောက်အပြင် အိပ်နေတဲ့ Fourth ပါနိုးလာတော့၏။လေးယောက်လုံးအိမ်ရှေ့ထွက်ကြည့်တော့ ခပ်ချောချောကောင်လေးနှစ်ယောက်ကကားရှေ့မှာရပ်နေတာကိုမြင်လိုက်ရတယ်။

YOU ARE READING
Past Life
Fanfictionအကယ်၍ နောက်ဘဝဆိုတာသာရှိခဲ့ရင် ငါမင်းနဲ့အတူရှိဖို့ကိုပဲထပ်ရွေးချယ်မယ်