ep30

5.1K 159 3
                                    

Unicode

ညအချိန်ကိုရောက်သည့်အခါ ပန်းရောင်တို့ညစာစားပြီး ပန်းရောင်ကသမီးကသိပ်ရန်အခန်းထဲသို့ဝင်သွားသည်။ ဇွဲကစားပြီးသားပန်းကန်တွေကိုဆေးနေလေကာ ကြီးမြနဲ့အတူမီးဖိုချောင်ထဲကျန်ခဲ့လေသည်။ ဒီရောက်ထဲကပန်းရောင်တို့ကြီးမြကိုအိမ်အလုပ်တွေဘားမှမခိုင်းတော့ ပန်းရောင်နဲ့ဇွဲသာကြုံတဲ့သူလုပ်သည်။ သို့ပင်မဲ့လည်းကြီးမြကမရပါ ပန်းရောင်တို့လစ်တာနဲ့အိမ်အလုပ်တွေကိုခိုးလုပ်လို့ကာ ပြောလို့လဲမရ။

"ရောင်ငယ်....အိပ်တော့ ပါးပါးပုံပြောပြမယ်"

"yes ပါးပါး"

"ဟိုးရှေးရှေးတုန်းက............"

အစချီပြီးပန်းရောင်သမီးလေးကိုပုံပြင်ပြောပြရင်း တစ်ဝက်လောက်မှာတင်သမီးငယ်ဟာအိပ်ပျော်သွားတော့ ပန်းရောင်သမီးလေးကို တစ္ခ်က္နားကာ စောင်လေးသေချာခြုံပေးလိုက်ပြီး အပြင်သို့ပြန်ထွက်လာခဲ့သည်။ ပန်းရောင် အပြင်ထွက်လာတော့ ကြီးမြနဲ့ဇွဲက ဧည့်ခန်းထဲထိုင်ကာစကားပြောနေသည်ကိုတွေ့လိုက်ရသည်။

"ကြီးမြ မအိပ်သေးဘူးလား....ဇွဲယောမနက်အလုပ်သွားရမှာကိုစောစောမအိပ်ဘူး"

"ပန်းရောင်...ကြီးမြသားကိုပြောစရာရှိလို့လာပါအုံးကွဲ့"

ကြီးမြခေါ်နေတာမို့ ပန်းရောင်ကြီးမြအနားသွားလိုက်ကာ ဘေးမှာဝင်ထိုင်လိုက်သည်။

"သားကိုပြောစရာရှိတယ်ဆို ဘာမြန်းလဲကြီးမြ"

"ဒီလိုကွဲ့...ကြီးမြလည်းအသက်ကြီးပြီဆိုတော့ ကိုယ့်မြေကိုယ့်ရေကိုယ့်တိုင်းပြည်မှာပဲ ခေါင်းချချင်တယ်"

"သားနားလည်ပါတယ်ကြီးမြ ဒါပင်မဲ့...."

"ကြီးမြနားလည်ပါတယ်ကွယ် ဒါကြောင့်လဲကြီးမြတစ်ယောက်ထဲပြန်ဖို့စဉ်းစားတယ်"

ပန်းရောင်လက်မခံနိုင်ပါ ငယ်ငယ်ထဲကတူတူနေလာတဲ့ကြီးမြက ဆွေမျိုးမရှိအိမ်ထောင်မရှိနဲ့ တစ်ယောက်ထဲပင်။ ဒီလိုသူကိုတစ်ယောက်ထဲပြန်လွှတ်ဖို့ဆိုတာ အဲ့လောက်ထိပန်းရောင်နှလုံးသားမမဲ့။

"ကိုယ်ပန်းရောင်ကိစ္စတွေမှာဝင်ပါတာမဟုင်ပင်မဲ့ ကိုယ်စကားနည်းနည်းလောက်ပြောချင်တယ်ပန်းရောင် "

Poisonous flower(completed )Where stories live. Discover now