အပိုင်း (၁)

22 1 0
                                    

ကောင်းကင်ကြီးရဲ့ မျက်ရည် လို ပြောကြတဲ့ မိုးရေစက်တွေဟာ မြေပြင်ကြီးရဲ့ နှစ်သိမ့်မှုကို လိုအပ်တဲ့အခါ မိုးရေတွေ အဖြစ် ရွာချဖြစ်တယ် ကျွန်မဟာလည်း ထိုမိုးရေတွေလို နှစ်သိမ့်မှုတွေ လိုအပ်လာတဲ့အခါ တစုံတယောက်ကို လွမ်းမိတယ် အလွမ်းပါလို့ မဆိုမိလေအောင်ထိ ကျွန်မ မောင့် ကို လွမ်းဖြစ်တယ်
ကျွန်မ ကျောင်းပြီးခဲ့လေပြီ နိုင်ငံရဲ့သမီးကောင်းတယောက်ဖြစ်ဖို့ ကျွန်မတာဝန်ကျရာ ရန်ကုန်တက္ကသိုလ်မှာ စာသင်နေခဲ့တယ် အေးချမ်းပြီးနွေးထွေးတဲ့ ဆရာတွေ ဆရာမတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်း အနှောက်ယှက်အများကြီးမရှိပဲ ကျွန်မရဲ့အလုပ်မှာ ကျွန်မ အဆင်ပြေခဲ့တယ် အမေ့အချစ်ဆုံးသမီးကြီးဖြစ်တဲ့ ကျွန်မဟာ အမေ့ရဲ့ဆန္ဒတွေကို ဖြည့်စည်းပေးရင်းနဲ့ ကျွန်မရဲ့ အိမ်မက္ တွေကို နောက်ဆုတ်ထားခဲ့ရတယ်
တောရွာလေးမှာ ကြီးပြင်းခဲ့တဲ့ ကျွန်မအတွက် မြို့ပြကြီးဟာ အသစ်အဆန်းဖြစ်နေခဲ့ပေမယ့် အခုတော့ နေသားကျသလို ဖြစ်နေပါပြီ ဘဝရဲ့အခက်ခဲတွေ နေ့စဥ်တာဝန်တွေ အလုပ်တွေ အရာအားလုံးက ဘဝလိုပဲမှတ်ယူပြီး လူသားတိုင်း ကြိုးစားနေရအုံးမှာပါပဲ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလိုမျိုး ကိုရဲ့လိုအပ်ချက်တွေ လိုချင်တာတွေ ဖြည့်စည်းဖို့တော့ ကြိုးစားနေရအုံးမယ်
ကျွန်မရဲ့အကြောင်းတွေဟာ ပြောလို့မကုန်အောင် ရှိနေတာမို့ အတွေးတွေကို မေ့ထားပြီး ကျောင်းသွားဖို့အတွက် ပြင်ဆင်နေခဲ့တယ်
ဟုပါတယ် ကျွန်မကတော့ မိုးနှင်းနွေ ပါ မြန်မာစာဌာနမှာ ဆရာမတယောက်အဖြစ် တာဝန်ယူထမ်းဆောင်နေခဲ့တာဟာ ၅နှစ်ကျော်ရှိနေခဲ့ပါပြီ
ကျွန်မ ရေချိုးပြီးလို့ မိတ်ကပ်အနည်းငယ် ခြယ်သပြီး နှုတ်ခမ်းနီ လိမ္မော်ရောင်လေးကို ပါးပါးလေး ဆိုးလိုက်တယ်ဆိုရုံပဲ ပြည့်စုံတဲ့အလှကိ​ု ပိုင်ဆိုင်သလိုခံစားရမိတာမို့ မှန်ထဲက ကျွန်မကိုကျွန်မကြည့်ကာ ပြုံးလိုက်မိတယ် ပြီးတဲ့အခါ အသင့်ထုတ်ထားခဲ့တဲ့ ပန်းရောင်ဝမ်းဆက် ရင်ဖုံးနဲ့ထမီ ကို ဝတ်လိုက်တော့တယ် ပြီးတော့ ရှည်လျားတဲ့ ကျွန်မ ဆံပင်ကို ဆံထုံးသေချာရစ်ပတ်ထုံးကာ သေချာလေး စီးလုက်ပါတော့တယ်
ပြီးသွားလို့ ထင်လိုက်တာနဲ့ မနက်က အသင့်ပြင်ဆင်ထားတဲ့ထမင်းဆဲွဲ ခြင်းကို ယူပြီး ကျွန်မ ကားဂိတ်ကို လမ်းလျောက်လာပါတော့တယ် နေရာလေးက ကျဥ်းပေမယ့် သူငယ်ချင်း နှစ်ယောက်အတူ ငှားရမ်းထားတဲ့ ဒီအိမ်ကတော့ အရမ်းကို သံယောဇဥ် တွယ်မိနေတာမို့ မပြောင်းပဲနဲ့ ဆက်နေမိတာပေါ့
ကျွန်မရဲ့သူငယ်ချင်းလေးကတော့ မိရှပ်ပြာမလေး နွေးတွယ်တာ ပါ သူမရဲ့နာမည်လေးလို လူတိုင်းအပေါ်ကို အနွေးထွေးဆုံးမေတ္တာတွေသာပေးတတ်တာမို့ သူမှာအပေါင်းအသင်းတွေ အရမ်းကို ပေါများပါတယ် ကျွန်မနဲ့ပတော့ ငယ်သူငယ်ချင်း မလေးပေါ့ သူမဟာ ရန်ကုန်က KTM ဆောက်လုပ်ရေးကုမ္ပဏီ မှာ အတွင်းရေးမှူးမလေးအဖြစ် အလုပ်လုပ်နေတာမို့ ဒီနေ့တော့ သူမဟာ အလုပ်ကိစ္စကြောင့် အစောကြီး အလုပ်သွားတာမို့ ကျွန်မတယောက်တည်း ကားဂိတ်ထိ လမ်းလျောက်လာခဲ့မိတယ်
ကားဂိတ်ရောက်တာနဲ့ မလာသေးတဲ့ကားကို စောင့်ရင်း မိုးတွေဟာ မထင်မှတ်ပဲ ရွာချလာပါတော့တယ် ဒီနေ့တော့ ကံဆိုးတယ်လို့တွေးပြီး အပြေးလေး ​ကျွန်မအမိုးအောက်ကို အတင်းပြေးခဲ့ရတာပေါ့ ဒါပေမယ့် ကျွန်မကံကောင်းစွာနဲ့ မောင့် ကိုပြန်တွေ့ခ့ဲရတယ်
ကံကြမ္မာက ရက်စက်ပါလားလို့ပြောပြီး အခုလို မောင်​န​ဲ့ တွေ့လိုက်ရတဲ့အချိနိမှာတော့ ကျွန်မ ကံကြမ္မာကို ကျေးဇူးတင်လိုက်မိတယ် မောင့်ကိ​ု ကျွန်မဆီ ပြန်ခေါ်လာခ​ဲ့ပေးလို့ပါ အဝေးကမောင့်ကို ကြည့်ပြီး ကျွန်မမျက်ရည်တွေ ပါးပြင်ပေါ်စီးကျလာတဲ့အချိန်မှာ မိုးရေစက်တွေဟာလည်း ဒီထက် ပိုသည်းလာခဲ့တယ်
ကျွန်မ တိုးတိုးလေး ပြောလိုက္မိတယ်
လွမ်းလိုက်တာ မောင်ရယ်
အတိတ်တွေကို ပြန်သွားလို့မယ် ဆိုရင် အဲတနေ့ကအစကို ပြန်သွားချင်မိတယ် မိုးရွာထဲက မောင့်ကိုတွေ့ခဲ့တဲ့တနေ့ကိုပေါ့
ကျွန်မ မှတ်လို့ထားတဲ့ ဒဏ္ဍာရီထဲကနေ့စွဲလေးဟာ ဇူလိုင် ၂၁ ရက် ဗုဒ္ဓဟူးနေ့
ကျောင်းရှေ့အပင်ကြီးရဲ့အောက် ကျောပိုးအိတ်ကို လွယ်ပြီး ပွစိပွစိပြောပြီး အပြစ်တင်နေတဲ့ ကောင်လေးကို ထီးဝါလေး ဆောင်းကာ ပြုံးပြီးကြည့်နေတဲ့ ကောင်မလေးတယောက်ရ့ဲရင်ခုန်ခြင်းတွေက မိုးရေးစက်တွေကြား သူမရဲ့ နှလုံးသားလေး ကခုန်နေခဲ့တာကို သိခွင့်ရ​ခဲ့တာပေါ့

မိုးစက်တွေကြားက နွေပုံပြင်Where stories live. Discover now