Part 1

189 14 0
                                    

"ဘင်းဘင်း အခုအိမ်ပြန် သွား"

"မပြန်ဘူး ဒီကောင်တွေနဲ့ကျွန်တော်ရှင်းမှရမယ် ကိုကိုဝင်မရှုပ်နဲ့ အရင်ပြန်တော့"

"တောက်! မင်းငါ့စကားကို ဘယ်ချိန်မှနားထောင်မှာလဲ ရွှီဘင်း သွား ပြန် အခုပြန် ဒီကိစ္စငါရှင်းမယ် သွား"

နာမည်အရင်းခေါ်ပြီဆိုလျှင် ကိုကိုသိပ်စိတ်ဆိုးနေမှန်း ရွှီဘင်းသိလေပြီ။ ကိုကို သူ့အားအချိန်တိုင်းအလိုလိုက်ကာ ဂျစ်သမျှအား သည်းခံပေးတတ်သော်လည်း ယခုကဲ့သို့စိတ်ဆိုးသည့်အချိန်လည်း ရှိတတ်ပေသည်။

"ပြန်..."

ကျုံးမင်စကားပင်မဆုံးလိုက် မိမိထံဝင်လာသော လက်သီးအား အမြန်ရှောင်လိုက်ကာ ထိုသူ၏လက်အားလိမ်ချိုး၍ ဗိုက်အား ဒူးဖြင့်တိုက်ကာ တွန်းထုတ်လိုက်သည်။အလားတူပင် တစ်ဖက်မှ နောက်လူတစ်ယောက် ရွှီဘင်းထံ ပြေးဝင်ကာ ထိုးမည်အပြု အနားမရောက်လာခင်မှာပင် ရွှီဘင်းခြေတံရှည်ဖြင့် ထိုသူ၏ဗိုက်အား ဆောင့်ကန်လိုက်သဖြင့် အနားသို့ဆက်မတိုးလာတော့ပဲ နေရာမှာပင် ဗိုက်အားဖိကာ ရပ်တန့်သွားလေသည်။

သို့သော် သိပ်ပင်မကြာဘဲ ရဲစခန်းဖုန်းဆက်တိုင်သူရှိသောကြောင့် နှစ်ဖက်လုံးအထိအခိုက်သိပ်မရှိဘဲ(ကိုကိုနှင့်ရွှီဘင်းသာလျှင်အထိအခိုက်မရှိသည်ဆိုလျှင်ပိုမှန်လိမ့်မည်)ရဲစခန်းတွေ ခံဝန်ထိုးနေရပြီဖြစ်သည်။သို့သော် ရွှီဘင်းအတွက်တော့ ထိုပြသာနာ ထိုမျှနှင့်မပြီးသေးပေ။အိမ်ပြန်လမ်းတစ်လျှောက်လုံးစိတ်ဆိုးနေသော သူ့ကိုကိုအားချော့ရပေဦးမည်။

"ကိုကိုရာ ကျွန်တော့်အကြောင်းလည်းသိရဲ့နဲ့ဗျာ ကျွန်တော်ရန်ဖြစ်ရတာကြိုက်ပေမယ့် ဘယ်တုန်းကသူများကို ဒီတိုင်းသွားရိုက်ဖူးလို့လဲ အခုက ဒီကောင်တွေ ကျွန်တော့်အတန်းထဲက ကောင်မလေးကို ကျောင်းရှေ့မှာ အမြဲစောင့်ပြီး ထိကပါးရိကပါးလာလာလုပ်နေတာ ကျွန်တော်သည်းမခံနိုင်ဘူး ကိုကိုဆိုလည်း ကျွန်တော့်နေရာမှာ..."

ကျုံးမင် သူ့မျက်စိရှေ့မှ လူဆိုးပေါက်စအား မျက်လုံးချင်းစုံအောင် စူးစူးရဲရဲတစ်ချက်ကြည့်လိုက်မှသာ ပါးစပ်ကလေးပိတ်ပြီး ငြိမ်ငြိမ်လေးပြန်ထိုင်နေတော့သည်။ ပုံမှန်ဆိုလျှင်ရွှီဘင်းက ကျုံးမင်အမြင်မှာတော့ ကလေးဆိုးလေးတစ်ယောက်ဖြစ်သော်လည်း စည်းမဲ့ကမ်းမဲ့တော့ ဆိုးသွမ်းနေခြင်းမျိုးမဟုတ်။ထို့ကြောင့် ယခုပြသာနာမှာလည်း အစကတည်းကရွှီဘင်းမှန်သည်ကိုသိလေသည်။သို့သော် ယခုအခါက ကျောင်းသားချင်းပြသာနာမျိုးမဟုတ်ဘဲ လက်ရဲဇက်ရဲလမ်းသရဲများနှင့် သွားငြိနေသောကြောင့် ထိုကလေးအားစိတ်ဆိုးနေခြင်းဖြစ်သည်။ ထိုလူများထံတွင် သေစေနိုင်သော ကိရိယာတန်ဆာပလာများ တစ်ခုမဟုတ်တစ်ခုကတော့ အမြဲရှိနေနိုင်သည်။ ထိုကလေးသာ တစ်ခုခုထိခိုက်သွားလျှင်ဆိုသည့်အတွေးအား ကျုံးမင်ယောင်လို့တောင်မတွေးရဲ။

ကိုယ့်ရှင်သန်ရာWhere stories live. Discover now