"ကိုကို"
"ဘင်းဘင်း....တကယ်ပဲမင်းလား"
ကျုံးမင် ခေါင်းပင်မနည်းထောင်နေရသော်လည်း စိတ်ဇောဖြင့် ခန္ဓာကိုယ်အား အားယူကာထလိုက်သည်။ယခုသူအိပ်မက်မက်နေသည်မဟုတ်ကြောင်း သေချာချင်သည်လေ။
ရွှီဘင်းခေါင်းငြိမ့်ပြလိုက်တော့ ကျုံးမင်ဟန်ပင်မဆောင်နိုင်ဘဲ ထိုကလေးအား တင်းကြပ်စွာဖက်ထားလိုက်သည်။
"တော်သေးတာပေါ့ တကယ်တော်သေးတာပေါ့ ကိုကို့ဘဝထဲက မင်းပျောက်သွားတော့မယ်ထင်တာ"
"ကိုကို ကျွန်တော့်ကိုမစွန့်ပစ်မချင်း သေခြင်းတရားတောင် ကျွန်တော့်ကို ကိုကို့နားက ဆွဲထုတ်သွားလို့မရဘူး"
ကျုံးမင် မည်သည့်စကားမှပြန်မပြောနိုင်ဘဲ ထိုကလေးအားပိုတိုး၍ဖက်ထားလိုက်မိသည်။ နောက်မှ ရွှီဘင်းပြန်ပြောပြသည်မှာ ရွှီဘင်းနှင့်ဦးလေးရှောင်တို့ မုန်တိုင်းနဲ့တိုးသော်လည်း ထင်သလောက်မပြင်းထန်သောကြောင့် အတွေ့အကြုံရှိသောဦးလေးရှောင်၏ ဦးဆောင်မှုဖြင့် အန္တရာယ်ကင်းကင်းပြန်လာနိုင်ခြင်းဖြစ်လေသည်။သူပြန်လာချိန်တွင် ကျုံးမင်သတိလစ်နေသည်မှာ တစ်ရက်လုံးဖြစ်၍ နောက်နေ့မနက်မှပင် ပြန်နိုးလာခြင်းဖြစ်သည်။
"ကျွန်တော်ပြန်လာတဲ့အချိန် ကိုကို့ကို ဒီလိုမြင်လိုက်ရတော့ ကျွန်တော်တကယ်စိတ်မကောင်းဘူး ရွာလူကြီးပြောတာတော့ ကိုကိုကျွန်တော့်နောက်လိုက်လာရင်း ကမ်းခြေမှာ မေ့လဲသွားတာတဲ့ ဖြစ်မှဖြစ်ရလေကိုကိုရာ"
"ဒါတွေထားလိုက်ပါတော့ဘင်းဘင်း.....အခုကိုကို့ကိုကတိတစ်ခုပေးနိုင်မလား"
ကျုံးမင် ရွှီဘင်းအား အလေးအနက်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်"
ရွှီဘင်းထံမှ အဖြေပြန်ရသည်နှင့် ကျုံးမင်သူ၏စကားအားဆက်လိုက်၏။
"နောက်ဆို ကိုယ်လုပ်ချင်ရာဇွတ်မလုပ်ရဘူး ကိုကို့စကားနားထောင်ရမယ် မင်းလုပ်ချင်တာ ဖြစ်ချင်တာ ဘယ်အရာပဲဖြစ်ဖြစ် ကိုကိုနဲ့တိုင်ပင်ရမယ် မလိမ်ရဘူး ဘယ်လိုလဲ ကိုကို့ကို အဲ့ကတိပေးနိုင်မလား"
YOU ARE READING
ကိုယ့်ရှင်သန်ရာ
Fiksi Penggemarကံကြမ္မာက သူ့အားဘာလုပ်စေချင်မှန်းမသိတော့ပေ။သူ့အားအဝေးသို့ထွက်သွားစေချင်တုန်းက သူ့ရင်အကွဲခံပြီး အဝေးဆုံးသို့ပြေးလာခဲ့ပြီးပြီ။ယခုထပ်ပြီး ကံကြမ္မာကပင် သူ့အနားသို့ ထိုကလေးအား တွန်းပို့လာပြန်ပြီ။