အပိုင်း-1

186 8 1
                                    

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်နဲ့ငြိမ်သက်နေတဲ့ကန်ရေပြင်က....အဆုံးစွန်ထိမိုက်ဖို့တွန်းအားပေးနေသလို
တရွေ့ရွေ့နဲ့ လျှောက်လိုက်တိုင်း ကန်ထဲကို‌တဖြေးဖြေးနစ်မြုပ်လာလေပြီ
.
.
.
‌‌" သားသား ဆေးသောက်ထားရဲ့လား

ကားဂိတ်ရောက်တာနဲ့ စောနကနံပါတ်ကိုဆက်လိုက်နော် ဦးလေးလာကြိုလိမ့်မယ် "

" သောက်ထားပါတယ် "

" မေမေကိုယ်တိုင်လိုက်ပို့ချင်ပေမဲ့ အလုပ်တွေကြောင့်မို့ကွယ်..ဟိုကျဆေးသေချာသောက်အုံးနော် "

"....."

ခရီးကိုထွက်လေ့ထွက်ထမရှိတဲ့ပြင်
တစ်ယောက်ထဲလဲဖြစ်တော့နည်းနည်းတော့လန့်နေသယောင်။

ဘေးကလူကြီးကကိုယ့်ထက်ခန္ဒာကိုယ်နှစ်ဆကြီးတဲ့အပြင်ဗလတွေနဲ့မို့လန့်ချင်စရာ။
ကားထွက်စစမှာလန့်နေပေမဲ့ခနအကြာမှေးခနဲဖြစ်သွားရာကနေ..

" ကားပျက်သွားတာတဲ့ကြည့်ရတာ2နာရီလောက်ကြာမယ်ထင်တယ် "

" ဘယ်လို‌လုပ်ကြမလဲ "

" အစားထိုးကားလာမယ်‌တဲ့ "

မှေးနေရင်းကနေအသံတွေကြားလို့နိုးလာရင်ကနေဘေးကိုရုတ်တရတ်ကြည့်မိတော့

" အမလေး !! "

" ဆောရီး ကောင်လေးလန့်သွားလား? "

မေးတတ်တယ်နော် လန့်သွားလားတဲ့အိပ်နေတာကြီးကိုလာကြည့်နေပြီးတော့

" ဟေ့! ကားကပျက်နေတာတဲ့ကြာအုံးမှာ အကုန်လုံးလဲအောက်ရောက်နေတော့ အကိုလဲဆင်းတော့မှာမို့ ဆင်းမယ်ဆိုလိုက်ခဲ့လေ "

" ရတယ်ရယ် ကျွန်တော်ဒီမှာပဲနေခဲ့တော့မယ် "

ဒီကောင်လေးကတော့လေ နောက်မှာရှိနေတဲ့‌ကောင်ကသူကိုပဲကြည့်နေတာမသိတာလား၊ ကြည့်ရတာ Tomboy ပဲဖြစ်မယ်ထင်တယ် လူလေးကသေးသေးလေးနဲ့သူကနေခဲ့အုံးမယ်တဲ့

ကိုယ်တိုင်က transman ဖြစ်တာမို့ယောကျာ်းတွေနဲ့ယှဉ်‌ရင်ပြသာနာမရှိပေမဲ့ဒီအဖြူကောင်လေးကတော့ ထားပါတော့ သက်တန့်ချင်းချင်း ကူညီရတာပေါ့

ဘယ်လိုလူကြီးပါလိမ့် ကြောင်တောင်တောင်နဲ့လာကြည့်..

" ဒီမှာ ခင်ဗျားမဆင်းဘူးဆိုလဲဖယ် ကျုပ်ဆင်းမယ် "

စည်းတစ်ခုကိုကျော်လွန်၍Where stories live. Discover now