အပိုင်း-2

26 5 0
                                    

"ဟာ...."

ပြန်တောင်မပြောနိုင်ခင်မှာတင် ဟိုလူကြီးကသယ်သွားနှင့်လေပြီ။ လှည့်ထွက်သွားပြီးကာမှကြောင်တောင်တောင်နဲ့ဖြစ်နေတဲ့သူ့အားပြန်လှည့်ကြည့်ကာ

"ဟေ့ ငေးမနေနဲ့...နောက်ကလိုက်ခဲ့‌ ဘယ်လိုဟာလေးပါလိမ့်"

တစ်ဖက်သူရဲ့စကားကိုပြန်နားထောင်ရတာဝါသနာမပါတဲ့ပုံပဲ သူ့ချည်းဟောက်နေတော့တာ ။ရှည်ရှည်ဝေးဝေးမပြောတော့ပဲသူ့နောက်သာလိုက်သွားလိုက်တော့တယ် ။

                   ..........................

"ကျွန်တော် နောက်ရက် အမေ့ဆီကို လွှက်လိုက်ပါ့မယ် "

ဧည့်ခန်းထဲက နားစွင့်နားဖျားကြားရပုံအရ အဖွားရောက်နေတာများလား ဘာတွေဩဇာသီးရောင်းအုံးမလဲပဲ။ သက်ပြင်းသာ ဟင်းခနဲချလိုက်ပြီး ဧည့်ခန်းထဲကိုဦးတည်လိုက်တော့တယ် ဘယ်သူမှမကြောက်တဲ့ သူက အဖွားတော့ကြောက်ရတယ်လေ။ ကိုယ့်အတွေးနဲ့ကိုယ် ဗျာများနေရင်းက နောက်ကတစ်ယောက်ကို ခုမှသတိရကာ ပိုစိတ်ရှုပ်သွားရတယ် တစ်ယောက်ထဲဆို အပေါ်ကိုတတ်ပြေးလို့ရသေးတယ်

"အပေါက်ဝမှာ ဘာရပ်လုပ်နေကြတာလဲ ဝင်စရာရှိတာဝင်တာမဟုဘူး"

ရှေ့မှာ ကြောင်အအနဲ့ရပ်နေတဲ့ နှစ်ယောက်ကို ဧည့်ခန်းထဲကနေမြင်သွားပုံရတယ် အမေဖြစ်သူမှလှမ်းခေါ်တာကြောင့် မသက်သာတဲ့အဆုံး ဝင်သွားလိုက်တော့ အဘွားကနေ သူ့အားတစ်ချက်သာကြည့်ပြီး ပြန်လှည့်သွားကာ

"ကယ် ငါလဲရောက်နေတာကြာပြီ ပြန်လိုက်အုံးမယ် ငါမှာတာမမေ့နဲ့နော် "

"ဟုကဲ့ပါအမေ ကျန်တော်လိုက်ပို့ပေးရမလား"

"မလိုပါဘူးအေ အတူး ပါပါတယ်အေ အရင်ကငါလာလဲ ဒီလိုပဲဟာ"

အ‌ဖွားကပြောရင်း‌ ဘေးက ကျိုင်းထောက်ကိုအားပြုကာထရပ်လေတယ် တခြားသူဆီကအကူညီယူပြီးလုပ်ရတာသိပ်ကိုမကြိုက်တဲ့အဖွားက ဘာမှမပြောင်းလဲသေးပါလား။အဖွားပြန်သွားတာကို ကြည့်ရင်း အကုန်လုံး သက်မချနိုင်တော့တယ် သူတို့သားမိသားဖတွေက အဖွားဆို သိပ်ကြောက်ရတာလေ။အဖွားပြန်သွားမှပဲ မေကြီးကနေပြီး

စည်းတစ်ခုကိုကျော်လွန်၍Where stories live. Discover now