Unicode
*သစ်ပင်ကြီးအောက်မှာ ရှိုက်ကြီးတငယ် ငိုနေသော ကလေးငယ်*
*နေရက်တိုင်းလိုလိုကျခဲ့ရတဲ့ မျက်ရည်တွေ ဘေးနားမှာမရှိတာသိရဲ့နဲ့ တုန်ရီနေတဲ့အသံတွေနဲ့အော်ခေါ်နေမိတယ်၊ တောင်းတခဲ့မိတယ်၊ ခုချိန်မှာ သူ့မေမေနဲ့မမကိုသာပြန်တွေ့ခဲ့မယ်ဆိုရင် ဒီကလေးလေးပျော်ရွှင်နေမိမှာမလွဲပေ။
*ဒီကိုရောက်တာ လအနည်းငယ်သာကြာခဲ့ပေမယ့်၊ခုထိကျင့်သားမရ၊သူ့မေမေနဲ့မမကိုလွမ်းတယ်စိတ်၊တမ်းတတဲ့စိတ်၊သတိရစိတ်တွေက ဘယ်လိုမှ ဖျောက်ဖျက်လို့မရသေး။
*ဘယ်လိုပဲ ပြောပြော ဒီငါးနှစ်ဆိုတဲ့အရွယ်ဟာ ကောင်းသည် ဆိုးသည်ကို ကွဲကွဲပြားပြားမှ မသိသေးတာ၊ ကလေးဆိုတဲ့အရာဟာ သူတို့စိတ်ပျော်ရမှာနေချင်တက်ကြတာမျိုး။ ကလေးတစ်ယောက်ကို မပြောနဲ့လူကြီးတစ်ယောက်တောင် သူပျော်ငွေ့တဲ့နေရာမှာပဲနေချင်ကြတာမဟုတ်လား၊ ဒါက ကလေး ပိုဆိုးတာပေါ့။
*ပတ်ဂျီမင်း ဘယ်ရောက်သွားလဲ ပတ်ဂျီမင်း မင်း အော် မင်းကဒီမှာလာပြီးငိုနေပြန်ပြီလား မင်းတစ်နေ့တစ်နေ့ ငိုလို့ပြီးတော့မှာလား ပြောစမ်း။
*အိမ်အလုပ်ကြတော့ ဝိုင်းကူမလုပ်ပဲ အားအားရှိငိုနေတော့တာပဲ၊မင်းအသက်က ငါးနှစ်ကျော်ပြီ ငါးနှစ်ဆိုတဲ့အရွယ်က ကလေးမဟုတ်တော့ဘူး၊ဒီအရွယ်ကလုပ်တက်ကိုင်တက်တဲ့အရွယ်ရောက်နေပြီ။
*ထလာခဲ့ အဲ့နေရာမှာ ငိုမနေနဲ့ ထ ထလို့ပြောနေတယ်လေ*
ခွမ်!သူ(မ) သည် သူ့ပြောစကားနားမထောင်လို့ ကလေးငယ်ရဲ့ခေါင်းကို သူ(မ)လက်ဆစ်ဖြစ် ခေါက်ချလိုက်သည်။
ကလေးငယ်ခင်မျှ အော်ပြီးငိုချင်ပါသောလဲ မငိုခဲ့နိုင်၊၀မ်းထဲမှာသာ ကြိတ်ပြီးငိုခဲ့ရသည်ထိ။*ဘာတွေဖြစ်နေတာလဲ*
ထိုအသံကြားတာနဲ့ ကလေးငယ်သည် ထိုလူရဲ့အနားကိုချက်ချင်းပဲ ပြေးကာဖက်တော့သည်။ထိုလူရဲ့စိတ်သဘောကို ကလေးငယ်သိ၏။မင်းငယ်လေးကို သူဘာမှပြောမှာမဟုတ် စခေါ်လာတည်းက သူ့အပေါ်ကောင်းမှန်း ဒီကောင်လေး သတိထားမိသည်။ထိုနေရာကိုရောက်လာချိန်ကစပြီး ခုချိန်ထိ စကားဆို ကောင်းကောင်းမပြော ခေါင်းညိတ်ခေါင်းခါပဲလုပ်လေရှိသည်။
YOU ARE READING
နှလုံးသား မဲ့ ထိုလူသား
Fanfiction*ငါ မင်းကို နားမလည်နိုင်တော့ဘူး ဂျောင်ကု...* *ငါ့ဘ၀က မင်းအတွက် အရုပ်လေးတစ်ရုပ်လိုပဲလား၊ဒါမှမဟုတ် သက်မဲ့အရာ၀တ္တုတစ်ခုလို သဘောထားတာလား...* *မင်းလိုအပ်တဲ့ချိန်မှာ ငါ့နှလုံးသားကို ယူဆော့ကစားပြီး မင်းမလိုအပ်တော့တဲ့အခါကျ စွန့်ပြစ်ခဲ့တယ်* *Park Jimin* 🔥 ...