Unicode
*လွန်ခဲ့သော သုံးနှစ်ခန့်က*
💛💜*ပျောက်ဆုံးသွားသော မင်းငယ်လေး*
💛💜*သမီးအွန်းဘီ ရှေ့ဆက်ပြီး အဆင်ပြေပါ့မလား*
*ခုချိန်မှတော့ ဘာမှလုပ်လို့မရတော့ဘူး ဒေါ်လေး ၊သမီးဒီကလေးကိုရအောင်မွေးမယ် သမီးမေမေ အတွက် ပျောက်သွားတဲ့ သမီးမောင်လေးအတွက် ငွေလိုအပ်တယ် ဒေါ်လေး။*ကျန်းမာရေးမကောင်းတဲ့ မိခင်ကိုဆေးကုဖို့၊ ငွေလိုအပ်သလို၊ငယ်စဥ်တည်းက ကွဲခွာသွားရတဲ့ သူ့(မ)ရဲ့ မောင်လေးကိုရှာဖို့အတွက် သူ(မ) တစ်ယောက်ငွေကို လိုအပ်နေသည်။
*ပျောက်သွားတဲ့မောင်လေးကိုရှာဖို့ထက် ခုလောလောဆယ် ကျန်းမာရေးမကောင်းတဲ့မိခင်ကပို၍ပင်အရေးကြီးနေသည်။
*အပျိုလေးမတန်ပဲနဲ့စွန့်စားရဲရင့်တဲ့ သူ(မ)ငယ်၊မိခင်ကိုဆေးကုဖို့ပဲပူပင်နေရသည်။
💛💜
*မွေးချင်းအရင်းဆိုလို့ ပတ်အွန်းဘီနဲ့ပတ်ဂျီမင်းတို့ မောင်နှမနှစ်ယောက်သာ ရှိကြသည်၊ သူ(မ)ခက်ငယ်ငယ် မိဘလက်ထက်မှာ စီးပွားရေးအဆင်ပြေခဲ့ရပြီး၊စီးပွားသမားအချင်းချင်း မနာလိုမှု ၊လူမဆန်တဲ့ယုတ်မာပက်ဆက်မှုတွေကြောင့် သူ(မ) ဖခင်သေဆုံးခဲ့ရသည်၊ အဲ့ဒီနောက်ပိုင်း ပျော်ရွှင်စရာကောင်းသော သူ(မ) တို့မိသားစု ဘ၀လေးက တကွဲတပြားစီပြိုကွဲခံခဲ့ရသည်။
*နောက်ဆုံး သူ(မ)တို့ မိသားစု ပိုင်ဆိုင်သည့် အိမ်နဲ့ခြံ၊ ကား၊Company ပါဆုံး ထိုလူယုတ်မာတွေလက်ထဲလုယူခံခဲ့ရသည်။ဖခင်တစ်ယောက် မရှိတော့တဲ့ မိသားစုတစ်စုမှာ အစစအရာရာခက်ခဲလွန်းသည်။
မည်သူမှ ကိုယ့်ဘက်မပါ အမြီးကျန်အမြီးစား၊ခေါင်းကျန်ခေါင်းစားတဲ့ တစ်ကိုယ်ကောင်းသမားတွေသာ။*ဖခင်တစ်ယောက်အပြင် ယောကျာ်းလေးဆို့လို့ တစ်ဦးတည်းသော မောင်လေး မင်းငယ်သာရှိလေပြီး၊မင်းငယ်လေးက အသက်ငါးနှစ်အရွယ်ရှိ၊ဘာကိုမှမသိသေးတဲ့ ကလေးငယ်တစ်ယောက်ပေါ့။
أنت تقرأ
နှလုံးသား မဲ့ ထိုလူသား
أدب الهواة*ငါ မင်းကို နားမလည်နိုင်တော့ဘူး ဂျောင်ကု...* *ငါ့ဘ၀က မင်းအတွက် အရုပ်လေးတစ်ရုပ်လိုပဲလား၊ဒါမှမဟုတ် သက်မဲ့အရာ၀တ္တုတစ်ခုလို သဘောထားတာလား...* *မင်းလိုအပ်တဲ့ချိန်မှာ ငါ့နှလုံးသားကို ယူဆော့ကစားပြီး မင်းမလိုအပ်တော့တဲ့အခါကျ စွန့်ပြစ်ခဲ့တယ်* *Park Jimin* 🔥 ...