Unicode

1.7K 113 2
                                    

"တောက်"

မျက်စိရှေ့ကမြင်ကွင်းက
ရိပေါ်အတွက် လုံးဝကြက်ခြေခတ်ပဲ။

ရှောင်းကျန့်ဆိုတဲ့ဘဲစုတ်ဘဲနာကြီးက
ရိပေါ်ကိုပလစ်ပြီး သူ့ဘေးကကောင်မလေးနဲ့သာယာနေတာ။

ကောင်မလေးရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက် အပြုံးတွေဖောဖောသီသီပေးလိုက်နဲ့။
ခင်ဗျားသူငယ်ချင်းပါဆိုတဲ့
အဲ့ကောင်မလေးနဲ့ ခင်ဗျားက
ဘာတွေလဲ။
ခင်ဗျားတခြားသူကို ချစ်သွားလို့မရဘူးနော် ရှောင်းကျန့်။

ဟိုးငယ်ငယ်တုန်းကရော အခုရော
နောင်အနာဂတ်တွေထိပါ ခင်ဗျားက
ကျွန်တော့်အပိုင်။

အားနာတတ်တဲ့ရှောင်းကျန့်ရဲ့ပင်ကိုယ်စရိုက်ကို ရိပေါ်ကသိတဲ့အတွက်
ကန်တင်းထဲမှာ သူ့ဒေါသကိုမြိုသိပ်လို့
ခြေအစုံကို ဆောင့်အောင့်ရင်းနဲ့
နေရာကနေ ထထွက်သွားခဲ့တယ်။
ရိပေါ်သာ မြင်နိုင်မယ်ဆို
ရိပေါ်နောက်ကျောလေးကိုကြည့်ရင်း လူယုတ်မာအပြုံးပြုံးနေတဲ့
ယုန်ဆိုးလေးကိုတွေ့နိုင်ကောင်းပါရဲ့။

**************************

"ရှောင်းကျန့် ခင်ဗျားတို့အိမ်နားက
ကစားကွင်းလေးကိုလာခဲ့
ကျွန်တော်စောင့်နေမယ် "

တီ..
တစ်ခွန်းထဲပြောပြီး ကျသွားတဲ့
ဖုန်းလေး။

ရှောင်းကျန့်နှုတ်ခမ်းထောင့်တို့က
ကော့တက်သွားရင်း
ဝမ်လူဆိုးလေးအလိုကျ
ချိန်းထားတဲ့နေရာသွားဖို့
အခန့်ညားဆုံးဖြစ်နေအောင်
ပြင်ဆင်လိုက်တယ်။

သူအောက်ထပ်ကိုဆင်းလို့
မီးဖိုချောင်ထဲက မားကိုပြေးဖက်လိုက်တော့ မားကတဟွတ်ဟွတ်နဲ့
ချောင်းထဆိုးတယ်။

"အဟွတ်..အဟွတ်
ရှောင်းကျန့်ရယ်
ရေမွှေးတစ်ပုလင်းလုံးများ
မှောက်ကျလာသလားဟယ်
နေဦး ဒီလောက်ပြင်ဆင်လာပုံထောက်တော့ ရည်းစားနဲ့သွားတွေ့မလို့လား
မှန်မှန်ပြောစမ်း"

"အာ မားကလဲ
ဘယ်က ရည်းစားဟုတ်ရမှာလဲ
သားရဲ့ညီလေး ဝမ်လေးနဲ့
ချိန်းထားလို့ပါ မားရဲ့"

"ညီလေး ညီလေးနဲ့
ငါမသိဘူးများထင်နေလား
ရှောင်းကျန့်
နင့်ကိုငါမွေးထားတာပါ
ပါးစပ်ဟလိုက်တာနဲ့"

Pig-cutlet Dumpling's Owner [Completed] Where stories live. Discover now