One Shot

1.3K 140 2
                                    

//ဤFiction သည် စာရေးသူစိတ်ကူးစိတ်သန်းသက်သက်သာဖြစ်ပါfictionကို fictionအတိုင်းသဘောထားပြီးဖတ်ပေးကြပါရန် အနူးအညွတ်တောင်းဆိုအပ်ပါသည်....

Friend With Benefits

ကင်မရာမီးတဖျတ်ဖျတ်ကြားထဲမှာ ထင်းထွက်တဲ့လူသားရဲ့ အရှိန်အဝါတွေသည် ပွဲလာပရိတ်သတ်ကသက်သေတည်သည်။ သာမန်ထက်ပိုရှည်နေသည့်အနီရောင်ကော်ဇောကြောင့် ထင်တာထက်ပိုပြီး နှုတ်ဆက်နေရသည်ကို သူ မကြိုက်လာတော့။ ကော်ဇောနီအစပိုင်းမှာ ပြုံးလာသော မျက်နှာသည် တဖြည်းဖြည်းနဲ့ ပုံသဏ္ဍာန်ပြောင်းလာကာ တည်လာတော့သည်။ နောက်ဆုံးကော်ဇောနီဆုံးသွားချိန်တွင်ဆဲရေးချင်စိတ်တွေတ ဖြည်းဖြည်းထွက်ပေါ်လာရသည်။

"မင်္ဂလာပါမင်းသားရှင့် ဒီနေ့ပွဲတက်ရတာစိတ်အဆင်မပြေတဲ့ပုံဖြစ်နေလို့စိတ်ညစ်စရာကိစ္စများရှိနေလို့လားရှင့်"

ဒေါသသည်ထောင်းခနဲထွက်သွားသည့်အလျောက် လျှာနှင့်ပါးစောင်ကိုထိုးလိုက်သည်။

"အဆင်မပြေတာကတော့ အခုအင်တာဗျူးပဲ"

"မင်းသားရှင့် ဒီနေ့စပြမယ့် ဇာတ်ကားအပေါ်ပရိတ်သတ်တွေရဲ့တုန့်ပြန်မှုကနည်းနည်းထူးဆန်းနေတော့ မင်းသားအနေနဲ့ဘယ်လိုခံစားရလဲမသိဘူးရှင့်"

"ဘာမှမခံစားရဘူး!"

ဟုတ်ပါသည်... ဒီလိုအကန်စကားတွေမှမပြောရင်ထိုလူသည် တစ်မိုးအောက် ကင်မ်ဂယူဗင်းဘယ်ပီသပါတော့မလဲ။

"ဪ~~~"

မီဒီယာသမားတွေသည် ခဏတာတော့တွေဝေသွားကြပြီး နောက်ထပ်မေးခွန်းတွေဆက်လာပြန်သည်။ မပြီးနိုင်ကြတော့ဘူး။ မိချောင်းမသားသမီးတွေ..။

"ဟိုလေ မင်းသားရဲ့အချစ်ရေးကိုစိတ်ဝင်စားနေကြလို့ အဲ့ဒါလေပြောပြပေးနိုင်မလား"

"ကျွန်တော်ချစ်ရတဲ့သူကကျွန်တော်ချစ်သူဖြစ်လာမှာပေါ့"

မီဒီယာတွေထပ်မံတိတ်သွားပြန်သည်။ ဘေးကမင်းသားရဲ့မန်နေဂျာကတော့ မင်းသားရဲ့အခြေအနေကိုတစ်ချက်ကြည့်ပြီး မဆိုင်သလိုကျောပေးရပ်သွားသည်။

Friends With BenefitsWhere stories live. Discover now