I

312 18 0
                                    

❝နွေရာသီ ပြီးဆုံးသွားတဲ့နွေရာသီ အသစ်တစ်ခေါက်ရောက်လာတဲ့နွေရာသီ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံခဲ့တဲ့နွေရာသီ❞

ဘတ်ဂွန်းနုသည် တစ်ညလုံးအိပ်မရခဲ့ပါ ။ ရာသီဥတုအကူးအပြောင်းမှာ နာတတ်တဲ့လည်ချောင်းကြောင့်လား ?? ပူအိုက်ပြီးညတာရှည်လွန်းတဲ့နွေရာသီညတစ်ညကြောင့်လား ??

မနက်လေးနာရီလောက် နိုးနေခဲ့သည်လေ ။ ဆက်အိပ်မရသည့်အဆုံး အိပ်ယာထဲမှာပင် လဲလျောင်းရင် အတွေးနယ်ချဲ့နေမိသည် ။ သူသည် နွေရာသီကိုမကြိုက်သူတစ်ဦးဖြစ်သည် ။ ချွေးထွက်လွန်းသူဖြစ်သောကြောင့် နွေရာသီတွင် နေရထိုင်ရသည်မှာ အဆင်မပြေလှပေ ။ သို့သော် နွေရာသီကုန်ဆုံးချိန်တွင် တစ်ဖန်ပြန်လာမည့်နွေရာသီကို ထပ်ကာထပ်ကာစောင့်နေမိသည် ။ နွေရာသီတွင် တစ်သက်မမေ့နိုင်မည့်သူအား တွေ့ဆုံခဲ့ခြင်းကြောင့်ပင် ။

သူ၏အတွေးသည် အိပ်တန်းထလာသော ကြက်တွန်သံကြောင့် တစ်ခန်းရပ်ခဲ့ရသည် ။ အိပ်ယာမှ ခန္ဓာကိုယ်ကိုခွာပြီး အကြောတစ်ချက်ဆန့်လိုက်သည် ။ ထို့နောက် အိပ်ယာကို သေချာသိမ်းဆည်းပြီး မနိုးသေးသည့်အိမ်သားတွေအတွက် မနက်စာလုပ်ပေးသည် ။ ထိုမနက်စာသည် တစ်နှစ်ပတ်လုံးတွင် သူလုပ်ပေးသော တစ်ကြိမ်တည်းသာဖြစ်သည် ။

ကြက်ဥကြော်ရန် ဒယ်အိုးကိုအပူပေးပြီး ဆီအနည်းငယ်ကို ထည့်ပြီး ဆီဆူလာမည့်အချိန်ကိုစောင့်နေစဉ် သူ၏အနောက်ဘက်မှ အသံတစ်သံထွက်လာသည် ။

"ငါ ဒီနေ့ half-boilမစားဘူး မွှေကြော်လုပ်ပေး ခရမ်းချဉ်သီးနဲ့ကြက်သွန်နီပါထည့်"

ထိုအသံပိုင်ရှင်မှာ သူ၏တစ်ဦးတည်းသော အကောင်းစားအကို၏အသံဖြစ်သည် ။

"ဂျီးမများနဲ့ ကျွန်တော်လုပ်နေကျအတိုင်းလုပ်မယ် အကိုစားချင်ရင် အကို့ဘာသာ လာလုပ်"

"အမလေး တစ်နှစ်လုံးမှာ တစ်ခါပဲစားရတဲ့ ငါ့ညီလက်ရာကို အကိုဖြစ်သူစိတ်တိုင်းကျမလုပ်ပေးနိုင်ဘူးလား"

"မလုပ်ပေးနိုင်ဘူးဟေ့ ဒါနဲ့ ဘာလို့ အစောကြီးထနေတာလဲ"

"အော် အမေက မင်းကို ဘူတာရုံအထိ လိုက်ပို့ပေးလိုက်လို့ မှာထားလို့လေ အရင်တစ်ခေါက်က ကိုယ့်ဘာကိုယ်သွားတာ မီးရထားမမှီလိုက်ဘူးမလား"

"အင်း ကျေးဇူးပဲ"

ဘတ်ဂွန်းနုက ကြော်လက်စကြက်ဥကို ဆက်ကြော်နေသည် ။

"အော် ဒါနဲ့ ကြက်ဥက သုံးလုံးပဲရှိတော့တယ် မင်း ဘဲဥစားလိုက်"

"ဟာ မစားပါဘူး ဘဲဥက ညှိတယ် မကြိုက်ဘူး"

ဂျီးများလွန်းတဲ့အကိုဖြစ်သူကြောင့် ဘတ်ဂွန်းနု၏သည်းခံနိုင်စိတ်မှာ ပိုမိုမြင့်မားလာရသည် ။

6 : 00 AM

"ဘတ်ဂွန်းနု အထုပ်အပိုးတွေယူပြီး ထွက်လာတော့ ထပ်ပြီးရထားမမှီဖြစ်နေဦးမယ်"

"လာပြီ လာပြီ"

ထို့နောက် ညီအကိုနှစ်ယောက် ဘူတာရုံသို့ထွက်လာကြသည် ။

"အမေက ဂျင်ဆင်းတွေထည့်ပေးလိုက်တယ် ဦးလေးတို့ကို လက်ဆောင်ပေးလိုက်တဲ့ မင်းဆင်းရင် ကားနောက်ဖုံးထဲမှာ ယူသွားလိုက်"

"အင်း"

"ဒါနဲ့ ငါတစ်ခုလောက်မေးပါဦးမယ် မင်း ဘာလို့ အမြဲနွေရာသီတိုင်း ဦးလေးတို့ရွာပဲသွားနေတာလဲ ငယ်ငယ်ကဆို မသွားချင်ဘူးလို့ ငြင်းနေကျမဟုတ်လား မင်း ၇နှစ်ကတည်းက ဆက်တိုက် တစ်နှစ်တောင်မပျက်ပဲသွားတာ ဘာကြောင့်လဲလို့ တကယ်သိချင်တယ်"

အကို၏အမေးကြောင့် ဘတ်ဂွန်းနု နှုတ်ခမ်းကို တစ်ချက်ကိုက်ခဲမိသည် ။ ဤအမေးအတွက် အဖြေရှိသော်ငြားလည်း သူ၏အဖြေဟာ မျှော်လင့်ချက်မဲ့သူတစ်ယောက်၏ ရေရေရာရာမရှိတဲ့စကားတစ်ခွန်းသာဖြစ်မည် ။

"ဘယ်တော့မှ ထပ်တွေ့ခွင့်မရှိတဲ့သူတစ်ယောက်ကို ထပ်တွေ့ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့သွားတာ"

အကိုဖြစ်သူမှာလည်း ညီဖြစ်သူ၏အတည်ဖြစ်နေသောခံစားချက်ကြောင့် ဆက်ပြီးမမေးတော့ ။

ဘတ်ဂွန်းနုသည် Playlist ထဲ တစ်ပုဒ်တည်းရှိသောသီချင်းကိုဖွင့်ပြီး နားကြပ်တပ်ကာ မျက်လုံးမှိတ်ထားလိုက်သည် ။

"ရောက်ရင် နိုးလိုက် ခဏမှိန်းဦးမယ်"

ဘတ်ဂွန်းနု တကယ်မအိပ်ခဲ့ပါ ။ ဘာကိုမှ မြင်ချင် ကြားချင်စိတ်မရှိသောကြောင့် မျက်လုံးမှိတ်ထားရုံသာ ။

❝Sayounara daisuki na hito
   နှုတ်ဆက်ပါတယ် ချစ်ခဲ့ရသူရေ

   Sayounara daisuki na hito
   နှုတ်ဆက်ပါတယ် ချစ်ခဲ့ရသူရေ❞

ဂျပန်မှာ さようなら(Sayonara) ဆိုတာ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့သူကို နှုတ်ဆက်ခြင်းတဲ့လေ....

ဒါက ဘတ်ဂွန်းနုနားထောင်တဲ့သီချင်းပါ ❤️‍🩹

TBC...

SUMMER AGAIN Where stories live. Discover now