II

236 24 2
                                    

-လွန်ခဲ့သော ၁၂နှစ်ခန့်-

"သားငယ်လေး ဦးလေးတို့အိမ်ရောက်ရင် မဆိုးရဘူးနော် ထမင်းကို ဖြေးဖြေးချင်းကြေညက်အောင်ဝါးပြီး ကုန်အောင်စားရမယ်နော် အစားမရွေးရဘူး ညဘက်ဆိုလည်း သွားတိုက် မျက်နှာသစ် ခြေလက်ဆေးပြီးမှ အိပ်ယာဝင်ရမယ် ကြားလား ဦးလေးတို့ကိုလည်း မဆိုးရဘူးနော်"

"ဒီလောက်မပြီးနိုင်မစီးနိုင် မှာနေရင်လည်း သားနဲ့အတူ လိုက်ခဲ့လေ ဘာလို့ သားနဲ့ကိုကို့ကိုပဲ သွားခိုင်းရတာလဲ"

နှုတ်ခမ်းကြီးဆူပြီး ရန်တွေ့နေသော ခြောက်နှစ်သားပေါက်စလေးကို အသည်းယားလွန်းလို့ မေမေက ပါးကို တစ်ချက်ညစ်လိုက်သည် ။ ထိုအချိန် ဘယ်ကပေါ်လာမှန်းမသိတဲ့အဖေဖြစ်သူကလည်း သားငယ်လေးကို ပွေ့ချီပြီး ပါးကစ်ကစ်လေးကို အားရပါးရမွှေးကြူလိုက်သည် ။

"သားငယ်လေးက လိမ္မာပါတယ်ကွာ ဖေကြီးတို့က ဒီမှာ အလုပ်တွေရှိသေးလို့လေ အလုပ်မလုပ်ရရင် သားငယ်လေးလိုချင်တဲ့legoရုပ်တွေ မဝယ်နိုင်ပဲနေမှာပေါ့ ဖေကြီးတို့က တစ်ပတ်နေရင် ပြန်လာခေါ်မယ်လေနော်"

"မင်းကလည်းကွာ ငါလည်း ပါမှာပဲကို ဘာလို့ဂျီကျနေတာလဲ ဒီအကိုက ကာကွယ်ပေးမှာပေါ့"

ဂွန်းနုလေးထက်စာရင် လေးနှစ်ကြီးသော အကိုဖြစ်သူကလည်း ဘေးနားလာပြီး ချော့မြူရှာသည် ။ ဂွန်းနုလေးက တစ်အိမ်လုံးရဲ့ သည်းသည်းလှုပ်ခံ အငယ်ဆုံးလေးဆိုတာ မြင်သူတို့ တပ်အပ်သိနိုင်မယ်ထင်သည် ။

"ကိုကို့ကို သားက ဘယ်လိုအားကိုးရမှာလဲ ကိုကိုက ငကြောက်ကြီး ပိုးဟပ်လေးကိုတောင် ကြောက်နေတာ"

"ဟာ မင်းကို ချောကလက်ရေခဲချောင်း မကျွေးတော့ဘူးကွာ"

"ကိုကိုကလည်း သားက စတာပါ သားက ကိုကို့ကိုအချစ်ဆုံး"

ဂွန်းနုလေးက လိုချင်တာရှိရင် သည်လိုလည်း မာယာများတတ်ပါ့ ။

- _ - _ - _ - _ - _ - _ - _ - _ - _ - _ - _ - _ - _ - _

ဂွန်းနုတို့ညီအကိုနှစ်ယောက် ဦးလေးတို့အိမ်ကိုရောက်တဲ့ ပထမဆုံးနေ့

"ဦးလေးတို့အိမ်က အရမ်းပျင်းဖို့ကောင်းတာပဲ ကစားစရာလည်းမရှိဘူး ဂွန်းနုဂီ ပျင်းတယ် ကိုကိုရာ"

"ကိုကိုကတော့ နေလို့ကောင်းတယ်ထင်တာပဲ ဖုန်းထဲမှာ တွေ့နေကျ အရမ်းလှတဲ့နေရာလေးလိုပဲ ဂျုံခင်းလည်းရှိတယ် တခြားစိုက်ပျိုးရေးခြံတွေလည်းရှိတယ် မွေးမြူရေးခြံတွေလည်းရှိတယ်"

"ဂွန်းနုကတော့ မပျော်ပါဘူး ကိုကို ဂွန်းနုနဲ့အတူ ကစားပေး"

"မရဘူး ကိုကို အိမ်စာတွေမပြီးသေးဘူး"

"ကိုကိုကလည်းဗျာ ခရီးထွက်လာတာတောင် စာလုပ်နေသေးတာလား"

"ကိုကိုက လေးတန်းတက်နေပြီလေ ဂွန်းနုက မူကြိုပဲရှိသေးလို့ မသိတာပေါ့ ကိုကို့လို လေးတန်းရောက်လာရင် စာတွေ များများလုပ်ရတော့မှာ"

"ဟာ မသိဘူး ကိုကို ဂွန်းနုနဲ့ ကစားပေးရမယ်"

ဂျစ်ကျနေတဲ့ကလေးပေါက်စလေးကို ငြင်းမနိုင်မှန်းသိတာမို့ အလျှော့ပေးလိုက်ရသည် ။ တစ်အိမ်လုံးရဲ့ အသည်းကျော် ဖူးဖူးမှုတ် အလိုလိုက်ခံထားရသည်မို့ ဂွန်းနုက ဆိုးချင့်ချင့်လေးဖြစ်နေသည်ပင် ။

"ဒါဆို ခဏစောင့် ကိုကို့အိမ်စာတွေပြီးရင် တူတူပုန်းတမ်းကစားကြမယ်"

"ဟုတ်ပြီကွ ဂွန်းနုက ကိုကို့ကို အချစ်ဆုံး"

လိုချင်တာရပြီးတိုင်း ဒီပေါက်စလေးပြောတတ်သော စကားတစ်ခွန်းပင် ။

"ဂွန်းနုလေး ပုန်းလို့ရပြီ ကိုကို အမှတ်စဉ်စရေပြီနော်"

"၁




.
.
.
.
.
."

ဂွန်းနုတစ်ယောက် ကိုကိုမမြင်နိုင်သည့်နေရာတွင် ပုန်းနေဖို့သာ စိတ်လောပြီး ပြေးလာခဲ့ရာ တောနက်ကြီးတစ်ခုထဲပင် ရောက်သွားတော့သည် ။ တစ်နေရာအရောက်တွင် ထိုးထွက်နေသော သစ်ငုတ်တိုနဲ့ခိုက်မိပြီး ဂွန်းနုဒဏ်ရာရသွားခဲ့သည် ။

"အီးဟီး နာတယ် ဘယ်သူမှ အင့် မရှိဘူးလား ဂွန်းနုမှာ နာနာဖြစ်သွားလို့ ကယ်ကြပါအုန်း"

အချိန်တန်ကြာသည်အထိ အော်ငိုထားသောကြောင့် ဂွန်းနုမျက်လုံးများသည် ဖောင်းအစ်နေပြီဖြစ်သည် ။ အသံကိုလည်း အကြာကြီးအသုံးပြုထားသည့်အတွက် မောစပြုလာပြီဖြစ်သည် ။

"ဟေ့ လူသားပေါက်စလေး ဒီမှာ ဘာလုပ်နေတာလဲ"

ဂွန်းနုနားသို့ လူတစ်ယောက်ရောက်လာသည် ။ အားကိုးစရာရသွားသလိုမျိုး မျက်လုံးရွှဲကြီးဖြင့် လှည့်ကြည့်လိုက်သည် ။ ဂွန်းနုထက် အသက်အများကြီး ကြီးလောက်မည့်ယောက်ျားတစ်ယောက်ပင် ။ ထူးဆန်းသည်မှာ ထိုသူသည် မျက်နှာဖုံးတစ်ခုစွပ်ထားသည် ။

TBC...

You've reached the end of published parts.

⏰ Last updated: Sep 12, 2023 ⏰

Add this story to your Library to get notified about new parts!

SUMMER AGAIN Where stories live. Discover now