intro

19.2K 276 26
                                    

Shrewd wife of Mr.CEO
(CEO ကြီးရဲ့ပါးနပ်လိမ္မာသောမိန်းမ)
                    Or
ဗီလိန်ဆန်သောကိုယ့်ဇနီးချော👠(or)

လူသားတွေကိုဘယ်အရာတွေကအားနည်းပြီးပျော့ညံ့နေတာလဲ…?
1. အကြောက်တရား
2.ချစ်ခြင်းမေတ္တာ
ဝမ်းနည်းစရာပဲ၊ဒါပေမယ့်သူမမှာနှစ်ခုလုံး
မရှိဘူး။

ပန်းဒါရူ ...ဆိုတာ
အမှီအခိုကင်းပြီး၊ကိုယ့်အားကိုယ်ကိုးတတ်ပြီး၊အကြောက်တရားမဲ့နေတဲ့မိန်းမလှလေး

‌အသက်မွေးကြောင်းကလေယာဉ်မယ်...
သူမရဲ့office ဖြစ်တဲ့ဝေဟင်ထက်မှာဆိုရင်
ချိုသာတဲ့အပြုံးနဲ့ပျံသန်းနေတဲ့နတ်မိမယ်လေးဖြစ်ပြီး၊
မြေပြင်မှာဆိုရင်တော့ သူမဟာပုံစံတစ်မျိုးနဲ့ရှင်သန်ပါတယ်။

Q. မင်းအချစ်ဆုံးအရာကဘာလဲ…?
Ans. ငွေ
Q. ဒါဆိုမင်းအကြိုက်ဆုံးကကော..?
Ans. လူပါးဝရတာလေ။

" ကျွန်မအနေနဲ့အိမ်ထောင်ပြုဖ်ို့စဉ်းစားရတာလွယ်တယ်များထင်နေလား...
အမျိုးသမီးတစ်ယောက်အတွက်လက်ထပ်တယ်ဆိုတာခရီးစဉ်အစအဆုံးအတွက်လေယာဉ်လက်မှတ်
ရွေးဝယ်လိုက်တာနဲ့အတူတူပဲ...

ကျွန်မကရှင့်ခရီးစဉ်မှာအတူလိုက်ပါဖို့ရွေးချယ်ပြီးပြီ။တခြားကျွန်မကိုစောင့်ဆိုင်းနေတဲ့အမျိုးသားတွေကတော့ဒီအခွင့်အရေးကိုဆုံးရှုံးသွားပြီ။

ဒါကြောင့် ဒီခရီးစဉ်တစ်လျောက်ကျွန်မရဲ့ဘေးကင်းလုံခြုံရေးအားလုံးကရှင့်အပေါ်မှာမူတည်သွား
ပြီ..နားလည်ပါရဲ့လား..လူကြီးမင်း..."

>>>>>>>>>>

ယောက်ျားတံခွန်...
၃၆နှစ်အရွယ် ရှိCEOသူဌေးမင်း...

ငယ်ရည်းစားဆီကအကောက်ကြံခံရဖူးတာကြောင့် မဆို ခြေမလက်မတောင်မရှိမဖြစ်လို့အနားထားတဲ့လူကြီးပါ။
တစ်ဦးတည်းသောသားဖြစ်တဲ့အလျှောက်
ဆက်ခံသူအတွက် အသက်၄၀ပြည့်ရင်
အငှားကိုယ်ဝန်နဲ့ခလေးယူမယ်ဆိုတဲ့လူကြီးမင်း...

အလုပ်ကိစ္စတစ်ကြောင့်သူမနဲ့စတွေ့ခဲ့ပြီး..
သူတို့ကြားမှာမတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်...
အဲ့ဒီ့နောက် ကံကြမ္မာကထုံးဖွဲ့လာသောအခါ..

Shrewd wife of Mr.CEO  (CEO ကြီးရဲ့ပါးနပ်လိမ္မာသောဇနီးချော)Where stories live. Discover now