Shrewd wife of Mr.CEO
(or)
ဗီလိန်ဆန်သောကိုယ့်ဇနီးချော👠
(Special episode)
ပြည်တွင်းကထိပ်တန်း7starဟော်တယ်ကြီးရဲ့
တစ်နေရာမှာမွေးနေ့ပါတီပွဲတစ်ခုကျင်းပနေပါသည်။ဆရာတစ်ယောက်ရဲ့မွေးနေ့မို့..တပည့်ဟောင်း
တွေလည်းအများအပြားရောက်ရှိနေကာ..အကုန်လူစုံနေပြီဖြစ်၍မရောက်သေးတာကပန်းဒါရူပဲရှိတာမို့..
" သူမလာတော့ဘူးထင်တယ်..."
" အေးလေ သူကဘယ်မျက်နှာနဲ့ငါတို့ရှေ့ကိုပေါ်လာရဲမှာလဲ.."
" လာမှာပါဟယ် သူကနဂိုကတည်းကအရှက်မရှိတဲ့မိန်းမပဲဟာကို.."
" ဟုတ်ပါ့..."ပွဲစချိန်ရဲ့နာရီဝက်လောက်ရောက်လာသောအခါ..
" သေချာတယ် သူမလာရဲတော့ဘူး.."
" လောင်းမလား.."
" လောင်းမယ်.. $၁သိန်း..."" မနည်းလွန်းဘူးလား..."
" သူကဒီလောက်တောင်တန်လို့လား..."
" အဟား ဒါတော့ဟုတ်တယ်.."ထိုအချိန်မှာပဲပါတီရှိရာသို့ထိုအမျိုးသမီးငယ်လေးက လေးလက်မထုဒေါက်မြင့်ဖိနပ်ကိုစီးပြီးတစ်လှမ်းခြင်းလှမ်းလာနေခဲ့သည်။
မွေးကတည်းကချမ်းသာတဲ့အသိုင်းအဝိုင်းမှာမွေးပြီး၊ကျောင်းကောင်းကောင်း၊တက္ကသိုလ်ကောင်းကောင်းကဘွဲ့လက်မှတ်ကိုဝယ်ပြီး..ရာထူးရာခံရှိသောလူချမ်းသာအိမ်ကိုချွေးမအဖြစ်ဝင်ရောက်ပြီး
အမျိုးသမီးကောင်း၊မိခင်ကောင်းဘဝကိုခံယူထားတဲ့ သီရိသုဓမ္မအလောင်းအလျာလေးတွေရယ်။ကျောင်းပြီးတာနဲ့မိဘအမွေနဲ့ဟပ်ချလောင်းဆိုပြီးကုမ္မဏီထောင်(ဆိုရှယ်မီဒီယာပေါ်မှာကြရင်တော့
စပ္ပါယ်ရှယ်မိုတီဗိတ်ကာတွေရဲ့စာတွေကော်ပီကူးပြီး သူတို့ပုံကြီးတွေနဲ့တွဲတင်ကာ၊အသက်ငယ်ငယ်နဲ့အောက်သက်ကျေပြနေတဲ့CEOအထီး၊အမတွေရယ်..)သူတို့လောက်မချမ်းသာတော့လည်းဘေးနားကနေ
ကပ်ဖားပေးနေရတဲ့ ဖားလောင်းမတွေရယ်။
အဲ့တာတွေကိုဒီနေ့တစ်စုတစ်စည်းထဲပြန်တွေ့ရတော့မှာဆိုတော့ ဘယ်လောက်တောင်စိတ်လှုပ်ရှား
ဖို့ကောင်းလိုက်လဲ....အဟင်း..." ဟဲ့ ဟိုမှာ...."
" သူမှတ်လား...."လှမ်းဝင်လာကတည်းကပါတီထဲရှိလူအားလုံးရဲ့အကြည့်တွေကသူမဆီကိုစုပြုံကာရောက်ရှိလာခဲ့သည်။
ဒါပေမယ့်သူမကတော့ဒီအကြည့်တွေကိုရင်းနှီးနေ
သည့်အလားမည်သို့မျှပင်ခံစားရတဲ့ပုံမပေါ်ပဲ မွေးနေ့ရှင်ရှိရာသို့သာခြေလှမ်းတွေကဦးတည်ရွေ့လျားနေခဲ့သည်။
YOU ARE READING
Shrewd wife of Mr.CEO (CEO ကြီးရဲ့ပါးနပ်လိမ္မာသောဇနီးချော)
Romance"သူကMPDGမဟုတ်ဘူး ယောက်ျားတွေအလိုကျအလိုက်သင့်ကမယ့်မိန်းမ မျိုးမဟုတ်ဘူး... သူကသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိပြီး၊သူရဲ့စိတ်ခံစားချက်ကိုပဲရှေ့တန်းတင်တတ်တဲ့မိန်းခလေးမျိုး ဖြစ်လိမ့်မယ်... သူတစ်ပါးထိန်းချုပ်မှုအောက်မှာမနေဘူး၊လွှမ်းမိုး တာမခံဘူး...အဲ့တာသူ့ဗီ...