ချိန်းတဲ့နေ့နံနက်၉နာရီခန့်မှာပန်းဒါရူက
လေဆိပ်သွားတဲ့လမ်းမှာရှိတဲ့ကော်ဖီဆိုင်တစ်ခုမှာ
တွေ့ဖို့ချိန်းဆိုခဲ့သည်။
စိတ်စောနေတာမို့သူအရင်ရောက်ကာစောင့်နေခဲ့ရ
သည်။ဒီနေရာကလည်းအတွဲတွေအတွက်ရည်ရွယ်
၍လားမသိ၊အခန်းလေးတွေဖွဲ့ပေးထားသည်။ပန်းဒါရူကချိန်းတဲ့အချိန်ထက်ဆယ်မိနစ်ခန့်နောက်
ကျပြီးမှရောက်လာခဲ့သည်။
လေဆိပ်သွားခါနီးဆိုပေမယ့်ယူနီဖောင်းနဲ့မဟုတ်ပါ
ပဲ၊အဖြူရောင်ကိုမှလည်ကုတ်မှာကြိုးသိုင်းထားတဲ့လက်ပြတ်ဂါဝန်ဖြစ်ကာ၊ခပ်ကားကားနဲ့ခြေသလုံးပေါ်အထိရှည်သည်။လက်ကိုင်အိတ်အဖြူရောင်ကိုလက်မှာချိတ်ပြီးနေကာမျက်မှန်တပ်ကာ၊ဒေါက်မြင့်ဖိနပ်နဲ့လှမ်းလျှောက်လာတဲ့ပုံစံကအမေရိကန်မင်းသမီးလားမှတ်ယူရသည်။သူ့ရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီး..
" ဆောရီး..ကားလမ်းပိတ်နေလို့.."နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးထားပေမယ့်နုငယ်တဲ့
မျက်နှာလေးကြောင့်ကြည့်ရတာအရုပ်မဆိုးသွားပေ။
" ဒီမှာ ဟိုတနေ့ကဌားသွားတဲ့အကျီ.."ဒါရူကပြန်ပင်မလျော်ပဲဒီအတိုင်းအိတ်ထဲပြန်ထည့်လာတာဖြစ်သည်။
" အင်း...တကယ်တော့မင်းနဲ့တွေ့ချင်တာက...
ကိုယ်တို့ကြားမှာကိစ္စတစ်ခုရှင်းလင်းဖို့ရှိနေတယ်မှတ်လား.."
" ကျွန်မမှာတော့အဲ့လိုမျိုးမရှိပါဘူး..""တကယ် မေ့သွားတာမဟုတ်ပဲ၊တစ်ခုခုကြံစည်နေတာဆိုရင်..."
" ခဏ..ကြည့်ရတာရှင့်မှာပြောစရာတွေများမယ့်ပုံပဲ.. ဒါဆိုကျွန်မကော်ဖီတစ်ခွက်အရင်မှာလိုက်ပါအုံးမယ်.."သူ့ကိုအချိန်ဆွဲကာစောင့်ခိုင်းသည်။လာချပေးတဲ့ကော်ဖီပူကိုဖြေးညှင်းစွာမှုတ်သောက်ရင်း...
" အင်း ပြောလေ..."
YOU ARE READING
Shrewd wife of Mr.CEO (CEO ကြီးရဲ့ပါးနပ်လိမ္မာသောဇနီးချော)
Romance"သူကMPDGမဟုတ်ဘူး ယောက်ျားတွေအလိုကျအလိုက်သင့်ကမယ့်မိန်းမ မျိုးမဟုတ်ဘူး... သူကသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိပြီး၊သူရဲ့စိတ်ခံစားချက်ကိုပဲရှေ့တန်းတင်တတ်တဲ့မိန်းခလေးမျိုး ဖြစ်လိမ့်မယ်... သူတစ်ပါးထိန်းချုပ်မှုအောက်မှာမနေဘူး၊လွှမ်းမိုး တာမခံဘူး...အဲ့တာသူ့ဗီ...