Moonlight Predator

2.2K 130 101
                                    

Unicode

 မှောင်မည်းနေတဲ့ လျှောက်လမ်းကျဥ်းထဲ သူတို့တွေ တိတ်တဆိတ်လျှောက်လာကြတယ်။ ပင့်ကူအိမ်တွေက ဟိုနားတစ်ထောင့် သည်နားတစ်ထောင့်။ ကျောချမ်းစရာလေထုက သူတို့ကို ဆီးကြိုတယ်။ ပြတင်းပေါက်ကနေ ဝေ့ဝဲတိုက်ခိုက်လာတဲ့ အသည်းစိမ့်စရာ လေညင်းက ကြက်သီးထချင်စဖွယ်။ ဘယ်သူမှမရှိတာသိပေမဲ့ ခြေသံလုံလုံနဲ့ သတိထားလျှောက်နေမိတယ်။

"ငါကြောက်လာပြီကွာ၊ ပြန်လှည့်ရအောင်"

"မင်းကလည်း ရောက်ပဲရောက်နေပြီ"

Seungkwan ရဲ့အပြောကို Joshua က ကန့်ကွက်သည်။ သူတို့ရဲ့ ဦးတည်ချက်မှာ နာနာဘာဝရှိသည်ဟု နာမည်ကြီးနေသည့် စာကြည့်တိုက်ဆီ Vlog ရိုက်ဖို့ပင်။ ယခုမှ Youtube Channel စဖွင့်သည်ကြောင့် Subscribers တဖြည်းဖြည်းများလာအောင် စိတ်ဝင်စားစရာတစ်ခုခုရှိမှပင် ဖြစ်မည်ဟု တိုင်ပင်ကြသည်။ ထို့ကြောင့် သည်အသည်းခြောက်စရာ စာကြည့်တိုက် အဆောက်အအုံကြီးထဲ ရောက်လာခဲ့ခြင်းပေ။ Joshua က ရှေ့ကဦးဆောင်သွားပြီး Seungkwan နဲ့ Jeonghan က နောက်ကလိုက်ကြသည်။ ခိုးဝင်လာရသည်က တစ်ကြောင်း၊ နာနာဘာဝရှိသည်ဟူသော သတင်းတွေကြောင့် တစ်ဖုံ ရင်တထိတ်ထိတ်ဖြစ်ရသည်။ စာကြည့်တိုက်အစောင့်ကလည်း လူတွေနဲ့ မခေါ်မပြောဘဲ ဘာသိဘာသာနေသည့် လူ့ဂွစာပင်။ နာနာဘာဝကိုမတွေ့ဘဲ စာကြည့်တိုက်စောင့်နှင့် ပက်ပင်းတိုးနေမှ ပြဿနာတက်နေအုံးမည်။

Joshua က စာကြည့်တိုက်ကို Vlog ရိုက်ရင်း မိတ်ဆက်စကားပြောသည်။ Seungkwan ကတော့ စာကြည့်တိုက်က စာအုပ်တွေကို လိုက်စူးစမ်းမိသည်။ ဖုန်တက်နေကာ မည်းမှောင်နေသည့်ကြောင့် အသေအချာမမြင်ရသော်လည်း စာအုပ်တော်တော်များများက အမှောင်လောကနှင့် သက်ဆိုင်နေသည်။ သုတ၊ ရသ၊ ဆောင်းပါးနှင့် အချစ်ဝတ္ထုစာအုပ်တွေမဟုတ်ဘဲ သမန်းဝံပုလွေ၊ သွေးစုပ်တတ်သည့် ဖုတ်စုန်း၊ အပြိုင်စင်္ကြာဝဠာ၊ စသည့်စာအုပ်ထူထူတွေသာ ရှိသည်။ Seungkwan က စာအုပ်တစ်အုပ်ကို ယူဖတ်ကြည့်ရင်း မမြင်ရတာကြောင့် Jeonghan ဆီက ဓာတ်မီးကိုယူကာ ဖတ်နေသည်။ သို့သော် စာတစ်ကြောင်းကြောင့် သူစာအုပ်ကို ပစ်ချမိသည်။

Moonlight Predator/ (One Shot)Where stories live. Discover now