1

221 19 2
                                    

တီ...တီ...တီ

မနက်6နာရီထိုးသည်နှင့် နှိုးစက်က သူမကိုနှိုးပါတော့သည်။
မျက်လုံးနှစ်လုံးကို လက်ဖြင့်ပွတ်ကာ ပြူးကျယ်နေအောင်ဖွင့်လိုက်သည်။ ပြီးတာနှင့်ရေချိုးဖို့ရေချိုးခန်းသို့ဝင်ရတော့သည်။
ဒါဟာ Jisoo ရဲ့မနက်တိုင်းထနေကျ အချိန်ပဲဖြစ်သည်။

"သမီးအတွက်မနက်စာပြင်ထားပြီ"

"အပြင်မှာပဲဝယ်စားတော့မယ်အမေ စာသင်ပေးဖို့ကျောင်းသားကစောင့်နေလောက်ပြီ သမီးသွားတော့မယ်.....ji young မမသွားတော့မယ်နော် ပြန်လာရင်မုန့်ဝယ်ခဲ့မယ်"

Ji young ရဲ့ခေါင်းကိုပုတ်ပေးပြီးထွက်သွားသည်။ Ji young က အသက်13နှစ်သာရှိသေးသည့် သူမ၏ညီမလေးဖြစ်သည်။

Jisoo ၏ နေ့စဉ်အလုပ်သည် မနက်အစောထပြင်ဆင်ပြီးလျှင် ကျောင်းသားများအားစာပြ၍ ညနေစောင်းမှအိမ်ပြန်ရောက်​လေ့ရှိသည်။ သူမ၏နေ့စဉ်ဘဝသည် ဒီအလုပ်တွေနဲ့ချည်း​​ဖြတ်သန်းနေရ၍ ပျင်းစရာကောင်းသည်မှာအမှန်ပင်။

------------------------------------------------------

"မမလေး"

"မမလေး မထသေးဘူးလားရှင့်"

အိပ်ယာထဲတွင်တုတ်တုတ်မျှမလှုပ်ပဲ အိပ်မောကျနေသောသူမှာ အခြားမဟုတ် Ruby jane ဖြစ်သည်။ မနက်တိုင်းနောက်ကျမှအိပ်ယာထလေ့ရှိပြီး မနက်စာနဲ့နေ့လည်စာပေါင်းစားသောသူဖြစ်သည်။ ညဆို12ကျော်သည်အထိမအိပ်ပဲ ဂိမ်းထိုင်ဆော့နေတတ်သည့် ကျောင်းသူလေးသည် စာကိုတော့တစ်စက်မျှအာရုံရှိမည့်ပုံမပေါ်။

"သူ့ကိုနှိုးမရပြန်ဘူးလား"

"ဟုတ်ကဲ့"

"Ruby Janeထတော့ဘယ်ချိန်ရှိနေပြီလဲ သမီးမနက်ပိုင်းအတန်းချိန်တွေလွတ်ပေါင်းမနည်းဘူးနော် ကျောင်းထုတ်ခံရမယ်"

အခန်းထဲမှ အိပ်ချင်မူးတူးသံထွက်လာသည်။

"ဘယ်သူကထုတ်ရဲမှာလဲဒယ်ဒီရယ် ဒီလောက်ကျောင်းကိုပေးကမ်းလှူတန်းထားတာ ထုတ်ရဲရင်ထုတ်ကြည့်ပါ့လား တစ်ကျောင်းလုံးမွဲသွားမှာ"

အဖေအားကိုးနှင့်ဆိုးချင်တိုင်းဆိုးနေသောကျောင်းသူဖြစ်သည်မှာ သိသာထင်ရှားလေသည်။
သူမအဖေသည်သက်ပြင်းသာချနိုင်တော့သည်။ ဒီလိုလှူထားတာတွေက သူ့သမီးလေးကိုကျောင်းမှာမသိမ်ငယ်အောင် ဆရာမတွေကချစ်အောင် ဒီလောက်ရည်ရွယ်ချက်နဲ့ပဲလုပ်ရခြင်းဖြစ်သည်။ ခုတော့ Ruby Jane သည်ဒါကိုဗန်းပြကာ ဆိုးချင်တိုင်းဆိုးနေတော့သည်။ သူပြောတာမဟုတ်ဘူးလားဆိုတော့လည်းဟုတ်ပါသည်။ ကျောင်းကဆရာမများအားလုံးက Ruby Janeဘာလုပ်လုပ် လျစ်လျူရှုထားပေးကြသည်။ ဒီကိစ္စသည် ​ကောင်းကျိုးရောဆိုးကျိုးရောဒွန်တွဲနေသည်။

The Sunshine of My LifeWhere stories live. Discover now