စာသင်ခုံပေါ်တွင် မှောက်အိပ်ပြီး မှိုင်ထွေထွေဖြင့် တစ်ခုခုကိုစဉ်းစားနေသည့် ရူဘီကို မုန့်ဈေးတန်းမှပြန်လာသည့် Sana နှင့် MoMo ကဘေးနားထိုင်ကာ စကားစလိုက်သည်။
"ဘာတွေစဉ်းစားနေတာလဲ နင့်ကြည့်ရတာလည်း လဒမှိုင်မှိုင်နေတယ်"
"ငါအဲ့တီချယ်နဲ့လွတ်လမ်းကို"
"ဘာလဲ နင့်ကိုဟိုနေ့ကမှစာလာပြတဲ့တီချယ်လား"
"အင်း"
"ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်အုံးမလို့လဲရူဘီရယ် စာလေးနည်းနည်းကျက်ပေးလိုက်တော့ဘာဖြစ်မှာကျ"
"နင်ပဲကျက်လေ ငါကလေငါ့ကိုတစ်ယောက်ယောက်က လာcontrolလုပ်တာကိုသိပ်မုန်းတာ"
"ဒါcontrolလုပ်တာမှမဟုတ်ပဲ နင့်ကိုစာကူကျက်ပေးတာ ကျေးဇူးတောင်တင်ရအုံးမယ်"
"အို..မတင်နိုင်ပါဘူး အဲ့တီချယ်ကလေကြီးတယ်ဟ"
"ဟင်"
Sana ရော Momo ရောပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဟဲ့ငါပြောတာ စကားကြီးစကားကျယ်နိုင်တယ်လို့ပြောတာ"
"ဪ...."
ထိုအခါကျမှ နှစ်ယောက်သား ဪဆိုပြီးဖြစ်ရသည်။
"နင်တို့ကြည့်နေလိုက် ငါသူ့ကိုမရရအောင်ထုတ်ပြမယ်"
Sanaနဲ့Momoကတော့မနိုင်ဘူးဆိုသည့်အကြည့်နှင့်သာကြည့်နိုင်တော့သည်။
•••••••••••••••••••••••••••••••••••••••••••••
ညနေကျောင်းဆင်းတော့မိုးအရမ်းသည်းနေသည်။ June လကုန်ခါနီးလို့ Julyရောက်ခါနီးဆိုတော့မိုးတွေခဏခဏရွာသည်။
အိမ်ပြန်လာသည့်ကားပေါ်မှာလမ်းတစ်လျှောက် ရူဘီတွေးလာတာက...
"ဒီလောက်မိုးသည်းနေတာ သေချာတယ်သူမလာလောက်ဘူး"
အိမ်ပြန်ရောက်သောအခါ ထိုအတွေးဖြင့်ပျော်မြူးနေလေသည်။
"ဒယ်ဒီရေ တီချယ်မလာနိုင်လောက်ဘူးထင်တယ်နော် မိုးတွေသည်းချက်က"
"မပြောတတ်ဘူး ဒယ်ဒီကားလွှတ်ပြီးသွားခေါ်ခိုင်းရမလားလို့"
YOU ARE READING
The Sunshine of My Life
Romance''တီချယ့်မှာအစွမ်းတွေရှိနေတာလား...တီချယ့်မျက်နှာကိုကြည့်မိရင် အရာအားလုံးကို ရူဘီမေ့သွားတယ်''