- 1 -

619 70 4
                                    




၂၀၀၀ ခုနှစ်။ အောက်တိုဘာ ၁ရက်။
အိုခါယာမ၊ ဂျပန်။

ညဦးပိုင်းအချိန်ဖြစ်ကာ လေညှင်းကလည်းခပ်ကြမ်းကြမ်းတိုက်ခတ်သည်။ ၂၃နာရီစတိုးဆိုင်များထံမှ မီးရောင်များနှင့် လမ်းဘေးဓာတ်တိုင်မီးရောင်ဝါဝါများကြောင့် လမ်းမသည်လင်းထင်းနေဆဲ။

လေ၏အရှိန်ကြောင့် နံရံကပ်စာစောင်များသစ်ရွက်ခြောက်များ ဝဲပျံနေကြသည်။ ရှေ့မီးမှိန်မှိန်နှင့်စက်ဘီးအချို့မှလွဲ၍ အေးစိမ့်စိမ့်ပတ်ဝန်းကျင်သည် သဘာဝကျစွာရှင်းလင်းနေသည်။

Royal 24hrs mart ၏ ဆိုင်းဘုတ်ကလေးသည်နီယွန်မီးအရောင်ထိန်ထိန်လင်းနေသည်။ ဆိုင်အရှေ့၌ vending machine တစ်လုံးရှိလျက် နံဘေး၏သစ်သားခုံတန်းအိုလေးပေါ်၌ အနက်နှင့်အဖြူစပ်ကြားကြောင်လေးနှစ်ကောင်အိပ်နေသည်။

အတွင်း၌ သင့်တင့်လျောက်ပတ်သောအကျယ်အဝန်းအတွင်း အမျိုးမျိုးသော ကုန်ကြမ်းကုန်​ခြောက် စားသုံးကုန် လူသုံးကုန်များကိုစင်များဖြင့်အသီးသီးစီတန်းထားသည်။

ဆိုင်၏မျက်နှာစာတစ်ဖက်ခြမ်းရှိ counter၌ အချိန်ပိုင်းဝတ်စုံဝတ်ထားသည့်မိန်းမငယ်တစ်ဦးရှိသည်။ ဝတ်စုံ၏ရင်ဘတ်၌တော့ နီရှီမူရာ ရီရီကို ' ဟူသောရင်ထိုးလေးတပ်ဆင်ထားသည်။ မည်းနက်သည့်ကျောလယ်ဆံပင်များကိုခပ်မြင့်မြင့်ထုံးထားလျက် မျက်ပေါက်ကျဥ်းကျဥ်းလေးများက နွေးထွေးမှုကိုအားအထုတ်ပါဘဲထုတ်ဖော်နေသည်။ ခပ်ပြည့်ပြည့်ပါးနှစ်ဖက်သည် အအေးဒဏ်ကြောင့်ပန်းနုရောင်သန်းကာ မှည့်ခြောက်ကလေးများကိုအရောင်တင်ပေးထားသကဲ့သို့ပင်။

" ကျောင်းသူလေး အန်တီဒါလေးတွေယူမယ်။ "

နွေးထွေးပျူငှာသည့်အသံနှင့်အတူ ကောင်တာရှေ့အထုတ်အပိုးအချို့နှင့်ရောက်ရှိလာသည့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး။
နက်ပြာရောင်ဆွယ်တာကိုဝတ်ဆင်ထားလျက် အညိုရောင်မာဖလာကလည်း လည်ပင်း၌နေရာတကျ။ ဆောင်းဝင်ပြီမို့ အအေးဒဏ်ကိုအံတုရန် စနစ်တကျ​ပြင်ဆင်ထားပုံ။

ရီရီကို ၌တော့ ခပ်ပါးပါးအနွေးထည်တစ်ခုသာပါလာသည်။ တာဝန်ချိန်အပြီးအိမ်အပြန်လမ်း၏အေးစိမ့်စိမ့်လေကိုအံတုရာ၌ အထောက်အပံ့ဖြစ်ကောင်းရဲ့ဟုတွေးမိ၏။

Us In the middle | enhypen |Where stories live. Discover now