Final 🇰🇷❤️🇨🇦

214 30 8
                                    

📞  - " ဆောင်းဟန်ဘင်း အခုဘယ်မှာလဲ"

" ဗျာ CEO ဒီနေ့နားရက်မို့ ကျွန်တော်တို့ လည်ပတ်နေတာပါ"

"မင်း ဖုန်းဖွင့်ကြည့်လိုက်ဦး ကိုယ့်နာမည်ကိုယ်လဲရိုက်ရှာကြည့်ဦး"

"ဟင် ဘာဖြစ်လို့လဲ CEO"

" ဟင် မနေနဲ့ မင်းနဲ့မက်သရူး လက်တွဲလမ်းလျောက်နေပုံတွေ ဖက်ကြတာတွေ အဆုံးထိက နမ်းနေပုံတွေပါ ပြန့်နေတာကွ မင်းတို့ကိုအတန်တန်သတိပေးထားတာကိုကွာ"

" တကယ်ကြီးလား ကျွန်တော်တို့က ဒီမှာဆို လူတွေကျွန်တော်တို့ကိုမမှတ်မိဘူးပဲထင်လိုက်လို့သတိလွတ်သွားတာပါ CEO"

"ရှင်းပြတာတွေနောက်မှပြောကွာ အခု hotel ပြန် member တွေနဲ့တူတူလေဆိပ်မဆင်းနဲ့ private စီစဉ်ခိုင်းပေးမယ် ဒီလောက်ပွက်လောရိုက်တာတူတူဆင်းရင် ငါးပါးမှောက်ကုန်မယ်"

"ဟုတ်အခုပြန်ပါပြီ CEO"

ဟန်ဘင်း နှင့် မက်သရူး နားရက်လေးရလို့ တရက်လေး လည်မိသည်မှ မိသွားခြင်းဖြစ်သည်။ သူများနိုင်ငံမှာမို့ rookie ဖြစ်တဲ့တွက်သတိမထားမိလောက်ဘူးဟု နှစ်ယောက်လုံးတွေးထားတာကြောင့် အခုလိုဖြစ်သွားခြင်းဖြစ်သည်။

"မက်သရူး ကိုကိုတို့ပြသနာတက်ပြီ"

"အခုပဲ ကျွန်တော်သိပီးတာကိုကို member တွေ gp chat ထဲပို့နေကြပီး manager က hotel အခုပြန်လာဖို့ဖုန်းခေါ်လာတယ်ကိုကို"

"ကဲသွားရအောင်အမြန်"

မက်သရူးတို့ hotel ကိုအမြန်ပြန်လာလိုက်သည်။ ဟိုတယ် တွင် စိတ်ပူနေသော members များနှင့် manager တို့ကစောင့်နေကြသည်။

" ဟန်ဘင်းနှင့်မက်သရူး CEO ဆက်တယ်မလား မနက်ခင်း private flight နဲ့ပြန်မယ်"

"ဟုတ်ကဲ့ manager nim"

"ကဲအခုတော့နားလိုက်ကြပါဦး Korea ရောက်ရင်မှပဲပြသနာတွေရှင်းကြတာပေါ့"

"ဟုတ်"

Manager နှင့်စကားပြောပြီး member တွေနဲ့အတူ တခန်းထဲစုလိုက်ပြီး

"တောင်းပန်ပါတယ်ကလေးတို့ အကိုတို့ပေါ့ဆမိလို့"

"အကိုဟန်ဘင်းရယ် ဘာမှမဖြစ်ပါဘူး ကျွန်တော်တို့ကအစကတည်းကပြောပြီးသားလေ အကိုတို့နှစ်ယောက်ဘက်ကအမြဲရှိနေတာပါဆို"

Dream or him 🐹🦊Where stories live. Discover now