🇰🇷❤️🇨🇦

204 26 3
                                    

" Hyung Good night ပါ ချစ်တယ်"

"Good night မက်သရူးလေး ချစ်တယ်"

ဒီနေ့က ဟန်ဘင်းနှင့်မက်သရူးတို့၏ ချစ်သူဘဝပထမနေ့လေးဖြစ်သည့်နည်းတူ ဟန်ဘင်းခုတင်တွင်သာ မက်သရူးတူတူသွားအိပ်ခဲ့လိုက်သည်။ ချိုသာလှသောအိပ်မက်လေးများဖြင့်အိပ်စက်နိုင်ရန် ဟန်ဘင်းမှ မက်သရူးကိုအနမ်းလေးတပွင့်ပေးပြီးအိပ်ယာဝင်ခဲ့ကြတော့သည်။

"Morning ကလေးလေး"

" ကလေးလေးတဲ့ရှက်စရာကြီး"

"ဟော ဘာရှက်စရာတုန်းကို့ကလေးလေးမို့ကို ကို့ ကိုလဲ ကိုကိိုလို့ခေါ်ရမယ်"

"ဟာ hyung ကလဲ အခုတော့မခေါ်နိုင်သေးဘူးလေ နောက်ကျကြိုးစားကြည့်မယ် ရှက်တယ်လို့"

"အမလေးနော် အခုမှရှက်နေတာဒီကလေး နမ်းတုန်းကကျ အဟမ်း"

"Hyung နော် တော်ပီတော်ပီ နောက်ကျတော့မယ် အမြန်သွားမယ်လို့"

"ဟုတ်ပါပြီ ကိုကို့ကလေးလေးရေ"

"တော်ပြီလေ တခြားသူတွေရှေ့ခေါ်မိနေမယ်နော်"

"ဆော့မက်သရူး သွားမယ်"

"ပြောင်းလဲတာမြန်ချက်"

"ဟော သူပဲပြောင်းခိုင်းပီး ကဲကလေးလေးဆော့မက်သရူးရေသွားကြရအောင်ပါဗျာ"

"ပီးရောသွားမယ်"

ဟန်ဘင်းနှင့် မက်သရူး company သို့သွားရန် အိပ်ခန်းထဲမှထွက်လာလိုက်တော့သည်။

"Morning ကလေးတို့ ဒီနေ့တွက်ဖိုက်တင်း"

"Morning အကိုဟန်ဘင်း ဖိုက်တင်း"

Trainee တွေကို နှုတ်ဆင်ပြီး company သို့သွားလိုက်ကြတော့သည်။

....................................

"ဟန်ဘင်းနှင့်မက်သရူး CEO က ရုံးခန်းလာဖို့ခေါ်နေတယ်"

"ဗျာ ကျွန်တော့်ကိုရောလား"

"အင်း မင်းရောပါတယ်မက်သရူး အထုတ်တွေ locker ထဲထည့်ပြီးတာနဲ့ ငါနဲ့တူတူသွားမယ်"

"ဟုတ် manager Han"

"Hyung ထူးဆန်းသလားလို့လေ ပုံမှန်ဆို ကျွန်တော်တို့ လေ့ကျင့်အဖွဲ့တွက်လိုတာ hyungကိုပဲခေါ်ပြောနေကြမလား ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ"

Dream or him 🐹🦊Where stories live. Discover now