2

28 2 0
                                    

Xanthos Family Villa,

အိမ်ထဲကိုဝင်လာလာချင်း တစ်စုံတစ်ယောက်ကို
ရှာနေတဲ့မျက်လုံးတွေ....

'' သူရော... ''

'သူ'လို့ သုံးနှုန်းလိုက်ရင် ဒီအိမ်ကတစ်ဦးတည်းသော
သူကို ပြောခြင်းဖြစ်တာကို ဒီအိမ်တော်က
အလုပ်သမားကအစသိသည် ။

'' အခန်းထဲမှာရှိပါတယ်... ''

ဒုတိယထပ်ဆီတက်သွားပြီး သွားနေကြအခန်းလေးဆီ ဦးတည်လိုက်သည် ။

သူသာ သေချာရှာနိုင်ပြီး ရောက်အောင်သွားနိုင်ရင်
ဘယ်အချိန်ပြန်လာလာ
ကောင်းကောင်းလက်ခံပေးပြီး
ကောင်းကောင်းနားလို့ရအောင်လုပ်ပေးတဲ့
မနွေးထွေးပေမယ့်
မအေးစက်ဘဲ
အထီးမကျန်စေတဲ့ အဲဒီလိုဖြစ်တည်မှုမျိုးနဲ့လူ... ။

'' Jimin! ''

နှစ်ယောက်တည်းရှိတဲ့အချိန်ဆို Hyung က သူ့ကို
သူ့ရဲ့နာမည်ကိုပဲခေါ်တတ်သည် ။

'' Hyung! ဘယ်အချိန်က... ''

ပြတင်းပေါက်နားမှာရပ်နေရင်းက အနောက်ကို
လှည့်ကြည့်လိုက်ပေမယ့် Hyung ကအရင် အနောက်ကနေ အုပ်မိုးပြီး သိုင်းဖက်လာတာ
ကြောင့် စကားမဆုံးလိုက်ခြင်းဖြစ်သည် ။

ခဏလောက် ငြိမ်ငြိမ်လေးနေပေးခဲ့သည် ။
Hyung လိုအပ်နေတဲ့ နွေးထွေးမှုကိုခဏလောက်
မျှဝေပေးဖို့...

ပြီးတော့ သူ့လည်ပင်းနားကို တိုးဝင်လာတဲ့
အသက်ရှုသံပြင်းပြင်းကို ခံစားမိလိုက်ရတော့...

'' ဒီလိုမလုပ်ပါနဲ့! ''

ဖက်ထားတာကိုပါ ချက်ချင်းလွှတ်ပေးလာသည်
ပြီးတော့ တွေဝေသွားတဲ့မျက်နှာမှာ အားနာတဲ့
အရိပ်အယောင်တွေနှင့်...

''မင်းကို အချိန်ခဏလောက်မတွေ့ခဲ့ရလို့ထင်တယ် ''

'' အဲဒါကြောင့်လေ... လိုက်မယ်လို့ပြောကတည်းက
အတူခေါ်သွားရောပေါ့ ''

'' မဖြစ်ဘူး... သင်္ဘောပေါ်က တွေ့ဆုံပွဲပဲဆိုပေမယ့်
နိုင်ငံစုံကလာတဲ့ စီးပွားရေးသမားတွေချည်းမို့လို့ ''

'' အရင်လိုပဲ ကျွန်တော့်အတွက်
စိတ်ပူနေတုန်းပဲကို! ''

အဲ့စကားကြားတော့ Hyung က ပြုံးနေသည်။
ဒါပေမယ့် Hyung ရဲ့ ဒီလိုနူးညံ့တဲ့အပြုအမူ...
စကားတွေက သူ့တစ်ယောက်တည်းအတွက်သာ
ရှိတာ... ။

THE WANTED SINNERWhere stories live. Discover now