5

23 1 0
                                    

ဂျီမင် ဇန်တိုစ်အိမ်တော်ကိုပြန်ရောက်နေပြီး
သူ့ရဲ့လူတစ်ယောက်က အနားကိုရောက်လာကာ
အရိုအသေပေးသည်... ပြီးတော့ သူကမ်းပေးတဲ့
ဖိုင်နှစ်ခု...

'' ပြောထားတဲ့ Jeon Ian ရဲ့ အချက်အလက်တွေနဲ့
မနေ့က ဟိုတယ်ပေါက်ကွဲမှု စစ်ဆေးချက်ပါ... ''

ဂျီမင် နှစ်ခုလုံးကိုသေချာကြည့်ပြီးနောက်
တည်ငြိမ်စွာနဲ့ပဲ....

'' မဖိတ်ထားတဲ့ ဧည့်သည်တွေ တစ်ခါတည်းရောက်လာတာပဲ! '' ဟုသာ ကောက်ချက်ချလိုက်သည် ။

######

အီရန် ဆေးရုံကိုအ​ပြေးအလွှားရောက်လာသည် ။
အခုထိအရေးပေါ်လူနာဆောင်မှာပဲရှိနေတဲ့
Jay နဲ့ Zuha ကိုအတူတူမြင်လိုက်ရသည်
ဗုံးပေါက်ကွဲတဲ့အထဲမပါသွားပေမယ့် အထပ်မြင့်ပေါ်ကနေ ကားပေါ်ခုန်ချထားတာမို့ ထိခိုက်ဒဏ်ရာ
တွေက ပြင်းထန်သည်... သူ့လက်သီးကို ဒေါသအလျောက် ဆုပ်ထားမိသည် ... ဒါတွေဟာ
ဘယ်သူကြောင့်မှန်း သူအသိဆုံးမို့... ။

မနေ့က အဖြစ်အပျက်က သူ့ကိုစမ်းသပ်ဖို့သက်သက်ဖြစ်တာကို သဘောပေါက်လိုက်သည် ...
Jiminos Xanthos ဆိုတာ ထင်တာထက်
မသိနိုင်တဲ့သူပဲ... ။

NIS ညွှန်ချုပ်က သူ့ကိုလာတွေ့သည်
ဒီတစ်ခါ mission ကနေ အေးဂျင့်တွေပါ ဆုံးရှုံး
လိုက်ရပြီး ရှင်ကျန်တဲ့သူကလည်း ဆေးရုံမှာ
သတိတောင်မရသေး၍ ကိုရီးယားဘက်မှာ
အ​ခြေအနေတွေက မတည်ငြိမ်တော့ပေ ။

'' အဲဒီ့ mission အကြောင်း ကျွန်တော့်ကိုတော့
ပြောပြထားသင့်ပါတယ် ''

'' ငါလည်း ဒီလိုဖြစ်မယ်မထင်ခဲ့ဘူး...
သေချာပေါက် မင်းက သူတို့ရဲ့ အနီးဆုံးကို
သွားနိုင်တဲ့သူမို့ မင်းနောက်ကိုသာလိုက်ပြီး
အဲဒီ့အခင်းနေရာကို ငါတို့သက်သေအရယူပြီး
ဖမ်းစီးနိုင်ဖို့စီစဥ်ခဲ့တာ... ''

'' ဒါ... သူတို့ နယ်မြေပါ
အခုဆို ကိုရီးယားက NIS ကပါ လိုက်နေတာကို
သူတို့ရိပ်မိသွားပါပြီ အလွယ်တကူလှုပ်ရှားလို့ မဖြစ်တော့ပါဘူး ''

'' ဟုတ်ပါတယ်... အခုဆို မင်းပါ အသွင်ယူဖို့
ခက်သွားပြီဆိုတာသိတယ် ဒါပေမယ့် ငါ ဒီနေရာမှာ
မရပ်လိုက်နိုင်ဘူး ''

THE WANTED SINNERWhere stories live. Discover now