Part 8

408 15 0
                                    

နောက်တစ်နေ့
ညစာစားချိန်မှာနဒီ့ကိုအမေက.....

"သမီးနဒီအမေမေးစရာရှိတယ်"

"ဟုတ်အမေ"

"သမီးကိုအမေငယ်ငယ်လေးကတည်းကအမေပဲစောင့်ရှောက်လာတယ်သမီးအဖေကနိုင်ငံခြားကနေသမီးကိုစောင့်ရှောက်တယ်နှစ်နှစ်လောက်မှသမီးအဖေတစ်ခါပြန်လာတယ်ဒီအတောအတွင်းသမီးကိုအမေဟာအမေရောအဖေရောအနေနဲ့စောင့်ရှောက်ပေးတာသမီးအသိပဲနော်"

"ဟုတ်"

"အေးပြီးတော့မနေ့ကသမီးအဖေဖုန်းဆက်တယ်သူနောက်အပတ်ပြန်လာမယ်တဲ့"

"ဟုတ်ကဲ့"

"သမီးကိုအမေမေးချင်တာကသမီးရည်းစားရှိနေပြီလားအမေကမထားခိုင်းတာမဟုတ်ဘူးနော်သိချင်တာသမီးပါစပ်ကပြောတဲ့စကားကိုပဲအမေကြားချင်တာနင့်အဖေပြန်လာရင်ငါမသိခင်သူသိရင်မိုးမီးလောင်မှာသမီးအသိပဲနော်"

"ဟုတ်ကဲ့ပါအမေသမီးမှာရည်းစားမရှိပါဘူး"

(တုန်ခါနေတဲ့အသံနဲ့ပြောခဲ့တယ်)

"သမီးဒေါ်လဲ့၀င်းမာအပေါ်ဘယ်လိုသဘောထားရှိလဲ"

"ရှင်အမေ"

"၀င်းမာနဲ့သမီးကရိုးရောရိုးရဲ့လားအမေ့ကိုပြောစမ်းပါ"

"ဟိုလေအမေသမီးတောင်းပန်ပါတယ်နော်သမီးတို့တွဲနေကြပါပြီ"

"ငါထင်သားငါမွေးထားတာသမီးမိန်းကလေးပါနင်ကအခုတော့မိန်းကလေးချင်း"

"အမေရယ်တောင်းပန်ပါတယ်နော်ဖေဖေ့ကိုပြန်မပြောပါနဲ့နော်"

"ငါမပြောလဲသူသိမှာပဲလေဘာထူးလဲငါက
နင့်ရဲ့ဖြစ်တည်မှုကိုလက်ခံပေးလိုက်မယ်နင့်အဖေကိုတော့နင်ဘာသာပြော"

"အမေသမီးအန်တီနဲ့မ၀ေးချင်ဘူးတောင်းပန်ပါတယ်"

"တော်တော့ငါဘာမှမကြားချင်ဘူး"

(နဒီထမင်းစား၀ိုင်းမှထွက်သွားပြီးအခန်းထဲမှာငိုကြွေး)

"ဖြစ်မှဖြစ်ရလေငါထင်တဲ့အတိုင်းငါ့သမီးကမဖြစ်သေးဘူး ယောက်င်္ကျားကိုဖုန်းဆက်ပြီးပြောရမယ်"

"ဟလို ယောက်င်္ကျားရေ"

"ပြောလေမိန်းမဘာဖြစ်လို့လဲ"

"သမီးလေးကလေ"

"သမီးဘာဖြစ်လို့လဲမိန်းမရာစိတ်ပူလိုက်တာမြန်မြန်ပြောပါ"

"သမီးကရည်းစားရှိတယ်"

"အော်မိန်းမရယ်သူလဲအရွယ်ရောက်နေပြီပဲထားလိုက်ပါတော့"

"အဲ့တာကိုအဲ့လောက်မခံစားရဘူး
ယောက်င်္ကျားရဲ့သူ့ရည်းစားကလဲမိန်းကလေးပဲ"

"ဟာဒီကောင်မလေးငါပြန်လာမှ"

"ယောက်င်္ကျားရယ်စိတ်ရှော့ပါ"

"မရှော့နိုင်ဘူး"

"ဒါကျွန်မတို့ရဲ့ကလေးလေသူဘာဖြစ်ဖြစ်လက်ခံပေးရမယ်"

"အေးပါမိန်းမရာ"

(နဒီ့အဖေရဲ့နောက်ကြောင်းကိုရှင်းပြပါမယ်)

သူက Japan မှာအလုပ်သွားလုပ်နေတာ

စိတ်မကောင်းစရာကဖောက်ပြန်နေတယ်
ဒါပင်မဲ့မိသားစုကိုလတိုင်းပိုက်ဆံပို့တယ်အဆက်အသွယ်လဲမပြတ်ဖုန်းခေါ်တယ်
သူ့စိတ်ကူးကသူ့မိသားစာကောင်းကောင်းရပ်တည်နိုင်ရင်သူကသူ့မိန်းမနဲ့ကွာရှင်းဖို့

ပြန်လာမဲ့ရည်ရွယ်ချက်ကလည်းအဲ့တာပဲ

သူ့သမီးအကြောင်းကြောင့်ကွာရှင်းဖို့ကိုပြောရမှာခက်နေမိ

နဒီ့အဖေက ယောက်င်္ကျား ကောင်းမဟုတ်ဘူး

ဒါပင်မဲ့ သူ့မိသားစုကိုချစ်ရင်းဖောက်ပြန်တဲ့ ယောက်င်္ကျား

အဓိက ကသူ့သမီးကိုသိပ်ချစ်တာကြောင့်

သူကမိသားစုကိုအဆက်အသွယ်မဖြတ်ခဲ့တာပေါ့

တက္ကသိုလ်မှရင်ခုန်သံ(Complete) Where stories live. Discover now