My Tiny Teacher ( 6 )

153 22 4
                                    


   ညအခါတွင်
ကောင်းကင်ထက်မှလမင်းကြီးသည် ကမ္ဘာမြေသို့အလင်းများ
ဖြန့်ကြတ်သကဲ့သို့ ဂွန်းနု၏အချစ်များသည်လည်း သူ၏ကမ္ဘာလေးထယ်ရယ်ဆီကိုသာဖြန့်ကြတ်ထား၏။

အခန်းထဲတွင် အဲကွန်းဖွင့်ထားပါလျှက် ချွေးပြန်နေရသူမှာ
ထယ်ရယ်။ဂွန်းနု၏ စကားကြောင့် မျက်နှာတစ်ခုလုံးနီရဲလာသည်။

ကျယ်ဝန်းလှသည့်အိမ်ကြီးထဲတွင် သူတို့နှစ်ယောက်ထဲသာ။
ဂွန်းနုပေါင်ပေါ်တွင်ထိုင်နေသောထယ်ရယ့်ခါးသိမ်လေးကိုတင်းကြပ်စွာဖက်ထားတာက ဒီခါးလေးကသူ့အပိုင်ပါဟူသောအပြုအမူကိုပြနေသယောင်။
ဆွဲချခံလိုက်ရတဲ့အရှိန်ကြောင့် ထယ်ရယ်လက်ကလဲ ဂွန်းနုပခုံးပေါ်တင်ပြီးသား~

တစ်ဖြေးဖြေးရှေးတိုးလာတဲ့ ဂွန်းနု၏မျက်နှာလှလှလေးအား အနီးကပ်မြင်လိုက်ရချိန်တွင် ထယ်ရယ်ရင်ခုန်သံတွေကအစိုးမရ။
မျက်နှာနှစ်ခုနီးကပ်လာချိန်တွင် ဂွန်းနုကရှေ့ဆက်မတိုးတော့ဘဲရပ်လိုက်ကာ စကားတစ်ခွန်းဆိုသည်။"ကျွန်တော့်ကိုတားလို့ရသေးတယ်နော်"တဲ့ ။

ထိုအချိန်တွင် ထယ်ရယ်စိတ်ထဲမှာ တားဖို့စိတ်ကူးလုံးဝမရှိခဲ့သလို၊ ရုန်းရမည်ဟူသော အသိစိတ်ဟာလဲ ဟိုးအဝေး‌ဆုံးမှာရောက်နှင့်နေပြီ။

သူ့အားစူးစူးစိုက်စိုက်ကြည့်နေသည့် ရီဝေဝေမျက်လုံးများက အင်မတန်အန္တရာယ်များပါသည်။ နောက်ပြန်လှည့်၍မရတော့‌တဲ့ လမ်းကိုသူဟာလိုလိုလားလား လျှောက်မိခဲ့ပြီ။
ပခုံးပေါ်တွင်တင်ထားသော သူ့လက်များကို ဂွန်းနုလည်ပင်းအနောက်တွင်ချိတ်ဆက်လိုက်သည်။ ၁လက်မလောက်ကွာဟနေသော မျက်နှာနှစ်ခုကို လေတိုးပေါက်များမရှိတော့အောင် နှုတ်ခမ်းလွှာများဖြင့်ပိတ်ဆို့လိုက်သည်။

ခါးကိုသိမ်းကိုင်ထားသောဂွန်းနုလက်များပင်အနည်းငယ်ပြေလျော့ကာ ခန္ဓာကိုယ်‌ဟာလဲတုံ့ခနဲ။ အံ့ဩရိပ်သန်းနေသော စူးရှရှမျက်လုံးများက ထယ်ရယ်၏ရုတ်တရက်ဆန်တဲ့ တိုက်ခိုက်မှုကို မယုံနိုင်ဖြစ်‌နေသေးသည့်နှယ်။

သူလဲမျက်လွှာကိုမှိတ်ချလိုက်ပြီး ထယ်ရယ်ပေးတဲ့ချိုမြိန်တဲ့အနမ်းကို တယုတယလက်ခံနေသည်။ ခါးကိုဖက်ထားသောပြေလျော့သွားသည့်လက်များကိုပို၍တင်းကြပ်စွာကိုင်ဖက်ထားလိုက်သည်။
ကျန်လက်တစ်ဖက်ကထယ်ရယ်ပါးကိုအုပ်ကိုင်ကာ အနမ်းများကိုဦးဆောင်လိုက်သည်။

My Tiny Teacher Where stories live. Discover now